ပန်း​တောင်းမြို့နယ်၌ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် ပြည်ခရိုင်သစ်တောဦးစီးဌာနနှင့် Royal Express Services Limited တို့ပူးပေါင်း၍ မိုးရာသီသစ်ပင်စိုက်ပျိုးပွဲကို ယနေ့နံနက်(၇:၃၀)အချိန်က လက်ရဲတပ်ကြိုးဝိုင်း၌စိုက်ပျိုးခဲ့ကြောင်း သိရသည်။

ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း လက်ရက်ကန်း(၆)လသင်တန်းဆင်း

အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ ရက်ကန်းနှင့်အသက်မွေးပညာသင်တန်းကျောင်း(ဘားအံ)၏ လက်ရက်ကန်း(၆)လသင်တန်း (ပထမအကြိမ်)ဆင်းပွဲနှင့် လက်ရက်ကန်း(၆)လ သင်တန်း(ဒုတိယအကြိမ်)ဖွင့်ပွဲကို ယနေ့နံနက် ၈ နာရီက အဆိုပါသင်တန်းကျောင်းခန်းမ၌ ကျင်းပခဲ့သည်။

ပုလောမြို့နယ်၌ ယူရီးယားဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ

ပုလောမြို့နယ်၌ ယူရီးယားဓာတ်မြေသြဇာများကို စျေးနှုန်းချိုသာစွာဖြင့် ဖြန့်ဖြူးရောင်းချ ပုလော ဇူလိူင် ၁၂ အေးအေးမော် (ပုလော)

သာယာဝတီမြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး လူငယ်ရေးရာ အသိပညာပေး ဟောပြောပွဲကျင်းပ

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ သာယာဝတီမြို့နယ်၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ပူးပေါင်းကျင်းပသည့် လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ယနေ့နံနက် ၉ နာရီအချိန်က အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း ပညာ့အားမာန်ခန်းမ၌ ကျင်းပသည်။

ကျောက်ဆည်ခရိုင် လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် အခြေခံပညာဦးစီးဌာနတို့ ပူးပေါင်း၍ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့ နံနက် (၉)နာရီက ၂၀၂၄ ခုနှစ် ဇူလိုင် (၁၉) ရက်နေ့တွင် ကျရောက်မည့် (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် အလယ်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊‌ ‌ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့တွင် စာဖတ်ရှိန်မြှင့်တင်ရေး၊‌‌ ဟောပြောပွဲ၊ စာအုပ်/စာစောင်ပြပွဲနှင့် စာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက (မူလွန်)(၂)မိုင်ကျောင်းတွင် ပြုလုပ်ခဲ့ကြောင်း သိရသည်။

လှိုင်မြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးအတွက် စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲနှင့် နည်လှည့်စာကြည့်တိုက် ကွင်းဆင်းဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ မရမ်းကုန်းခရိုင်၊ လှိုင်မြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကျောင်းသား၊ ကျောင်းသူများ အသိပညာပြန့်ပွားရေးနှင့် စာဖတ်သည့် အလေ့အကျင့်ကောင်းများ ရရှိစေရန်ရည်ရွယ်၍ ယနေ့နံနက် (၉) နာရီအချိန်က လှိုင်မြို့နယ်အတွင်းရှိ အ.မ.က (မူလွန်) ကျောင်းသို့သွားရောက်၍ နယ်လှည့်စာကြည့်တိုက်၊ နံရံကပ်စာစောင်ပြပွဲနှင့် အသိပညာပေးဟောပြောပွဲကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။
Subscribe to