ပုသိမ်မြို့တွင် (၂၅)ကြိမ်‌မြောက် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲ ကဗျာလွတ်အကပြိုင်ပွဲကျင်းပ

ပုသိမ် ဇူလိုင် ၁၁

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် (၂၅) ကြိမ်‌မြောက် ပုသိမ်ခရိုင်အဆင့် အဆို၊ အက၊ အရေး၊ အတီးပြိုင်ပွဲတွင် ပါဝင်ယှဥ်ပြိုင်မည့် ကဗျာလွတ်အက မြို့နယ်အဆင့်ပြိုင်ပွဲကို ယနေ့နံနက်ပိုင်းက အမှတ်(၁)အခြေခံပညာအထက် တန်းကျောင်း၊ ရတနာတန်ဆောင်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ကဗျာလွတ်အကပြိုင်ပွဲသို့ ပုသိမ်မြို့ရှိ အခြေခံပညာအထက်တန်းကျောင်း(၁၁)ကျောင်းမှ ကျောင်းသူများ ပါဝင်ယှဥ်ပြိုင်ခဲ့ကြရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ မြို့နယ်အောင်နိုင်ရေးဥက္ကဋ္ဌ၊ သဘင်အစည်းအရုံးနှင့် မြို့နယ်ပညာရေးမှူးရုံးရှိ ဝန်ထမ်းများ၊ ဆရာ/မများ၊ ကျောင်းသား/သူများ၊ ကျောင်းသားမိဘများ တက်ရောက်အားပေးခဲ့သည်။

 ပြိုင်ပွဲအပြီးတွင် ဆုပေးပွဲအားဆက်လက်ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌက ကဗျာလွတ်ပြိုင်ပွဲတွင် ပထမဆုရရှိသော အ.ထ.က(၁)ကဗျာလွတ်အကအဖွဲ့နှင့် ဒုတိယဆုရရှိသော အ.ထ.က(၄)က‌ဗျာလွတ်အကအဖွဲ့တို့ကို လည်းကောင်း၊ မြို့နယ်အောင်နိုင်ရေးဥက္ကဋ္ဌက တတိယဆုရရှိသော အ.ထ.က(၁၀)ကဗျာလွတ်အကအဖွဲ့အား လည်းကောင်း၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်က နှစ်သိမ့်ဆုရရှိသော အ.ထ.က(၁၁)နှင့် အ.ထ.က(၈)ကဗျာလွတ် အကအဖွဲ့တို့အား ဆုများအသီးသီး ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သတင်းရရှိသည်။

ကျော်ဟိန်း (ပြန်/ဆက်)