အမာမြို့၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး ထပ်ဆောင်းထိုးနှံ‌

အမာ ဇူလိုင် ၁၂

‌ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ အမာမြို့တွင် ကိုဗစ်-၁၉ ရောဂါကူးစက်ပြန့်ပွားမှုမရှိစေရေး၊ ကြိုတင်ကာကွယ်နိုင်ရေးအတွက် အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာန၊ ကျေးလက်ကျန်းမာရေးဌာန၌ ကျန်းမာရေးဝန်ထမ်းများက ယနေ့နံနက်(၉)နာရီအချိန်မှစ၍ ကိုဗစ်-၁၉ ရောဂါ ကာကွယ်ဆေးများ ထပ်ဆောင်းထိုးနှံပေးခြင်းကို ဆောင်ရွက်လျက်ရှိသည်။

ကာကွယ်ဆေးထိုးနှံရာတွင် အမာမြို့၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေး ဝန်ထမ်းများက (Pfizer) အမျိုးအစား ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေးများကို မြို့အတွင်းရှိ  နိုင်ငံဝန်ထမ်း ၄၀ နှစ်အထက်၊ အသက် ၆၀ နှစ်အထက် ပြည်သူများ၊ အသက် ၁၈ နှစ်အထက် နာတာရှည်ရောဂါရှိသူများကို ထိုးနှံပေးမည်ဖြစ်ပြီး နိုင်ငံ့ဝန်ထမ်းများနှင့် ပြည်သူစုစုပေါင်း (၁၀၀) ဦးခန့်အား ထိုးနှံပေးသွားမှာဖြစ်ကြောင်း သိရသည်။

အမာ (ပြန်/ဆက်)