မော်လိုက် ဇူလိုင် ၁၂
စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင်၊ မော်လိုက်မြို့၌ ချင်းတွင်းမြစ်ရေလျှံတက်မှုကြောင့် လူနေအိမ်အများအပြားနစ်မြုပ်၍ ကယ်ဆယ်ရေးစခန်းများသို့ ရောက်ရှိလာကြသော ရေဘေးဒုက္ခသည် များကို စာသောက်ကုန်ပစ္စည်းများနှင့် Family Kitများ ထောက်ပံ့ပေးခြင်းကို ဇူလှိုင်လ ၁၀ ရက်နေ့ နံနက်(၉)နာရီအချိန်တွင် ဆောင်ရွက်ခဲ့ကြသည်၊၊
ရှေးဦးစွာ ခရီုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအေးလွင်က အားပေးစကားပြောကြားပြီး မြို့မ ဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် (၁)ဦးလျှင် ဆန်(၆)ဘူး၊ ကြက်ဥ(၆)လုံး၊ အိမ် ထောင်စု(၁)စုလျှင် ဆီ(၁)ဘူး၊ အိုင်အိုဒင်းဆား (၁)ထုပ်၊ တို့ကို (၃)ရက်စာနှုန်းနှင့် Family Kit များကို အိမ်ထောင်စု(၄၆)စု၊ လူဦးရေ (၁၇၄)ဦး တို့ကိုလည်းကောင်း၊ အောင်မင်္ဂလာဓမ္မာရုံ ရေဘေးကယ်ဆယ် ရေးစခန်းတွင် အိမ်ထောင်စု(၁၃)စု၊ လူဦးရေ(၄၈)ဦးတို့ကိုလည်းကောင်း၊ တပ်ဦးဘုန်းတော်ကြီးကျောင်း ရေဘေးကယ်ဆယ်ရေးစခန်းတွင် အိမ်ထောင်စု(၂၄)စု၊ လူဦးရေ(၆၈)ဦးတို့ကို ထောက်ပံ့ပေးအပ်ခဲ့ကြ သည်၊၊
အလားတူ ဘေးအန္တရာယ်စီမံခန့်ခွဲရေးဦးစီးဌာနမှ မော်လိုက်မြို့ပေါ် ရေဘေးဒုက္ခသည် စုစုပေါင်း အိမ်ထောင်စု (၁၇၀)၊ လူဦးရေ(ကျား) ၃၃၈ဦး၊ (မ) ၃၆၀ဦး စုစုပေါင်း (၆၉၈)ဦးတို့ကို စုစုပေါင်း ငွေသားတန်ဖိုး (၂၉၁၃၆၀၀)ကျပ်တိတိကို ထောက်ပံ့ပေးအပ်ခဲ့ကြကြောင်း သိရသည်။
ခရိုင်(ပြန်/ဆက်)