အင်္ဂပူမြို့နယ်အတွင်း ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၆)ကျောင်း ယာယီပိတ်ထား

အင်္ဂပူ ဇူလိုင် ၁၆

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းဝန်းအတွင်း ဧရာဝတီမြစ်နှင့် ငဝန်မြစ်ရေဝင်ရောက်သဖြင့် အခြေခံပညာကျောင်း (၆)ကျောင်းအား ယာယီပိတ်ထားလျက်ရှိကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။

မြစ်ရေဝင်ရောက်သဖြင့် အင်္ဂပူမြို့နယ်အတွင်းရှိ အခြေခံပညာအထက်တန်းကျောင်း(ခွဲ) (၂)ကျောင်း ၊ မူလတန်းကျောင်း(၄)ကျောင်း စုစုပေါင်း(၆) ကျောင်းတို့အား (၁၅-၇-၂၀၂၄) ရက်နေ့မှ( ၂၁-၇-၂၀၂၄) ရက်နေ့အထိ ယာယီပိတ်ထားကြောင်း သိရသည်။

မြစ်ရေဝင်ရောက်မှုကြောင့် ကျောင်းသား/ကျောင်းသူများနှင့် ကျောင်းအဆောက်အဦများ ထိခိုက်ပျက်စီးမှု မရှိကြောင်းနှင့် မြစ်ရေကျဆင်း၍ ကျောင်းများပြန်လည်ဖွင့်လှစ်ပါက မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဦးဆောင်မှုဖြင့် သက်ဆိုင်ရာကျေးရွာအုပ်စုချုပ်ရေးမှူးများ၊ ကျန်းမာရေးဝန်ထမ်းများနှင့် ဒေသခံပြည်သူများစုပေါင်း၍ ကျောင်းအတွင်း/အပြင် သန့်ရှင်းရေး၊ သန့်ရှင်းသော သောက်သုံးရေရရှိ​ရေးနှင့် ကျောင်းကျန်းမာရေးလုပ်ငန်းများ ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မန်းကျော်(ပြန်/ဆက်)