မန္တလေးမြို့ လူထုအခြေပြုဗဟိုဌာနတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲနှင့် စာအုပ်ပြပွဲကျင်းပ

မန္တလေး ဇူလိုင် ၁၆

မဟာ​အောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် (၇၇) နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ၊ စာအုပ်စာစောင်ပြပွဲကို ယနေ့နံနက် ၉ နာရီအချိန်က လူထုအခြေပြုဗဟိုဌာန(Community Centre) ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် မန္တလေးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူးက အမှာစကားပြောကြားပြီး  ကျောင်းအုပ်ဆရာမကြီး ဒေါ်သန်းသန်းနွယ်က အာဇာနည်နေ့သမိုင်းကြောင်းဆိုင်ရာများ ရှင်းလင်းဆွေးနွေးသည်။

ဆက်လက်ပြီး တက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူများက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ခင်းကျင်းပြသထားသော စာအုပ်စာစောင်များ၊ နံရံကပ်စာစောင်ကို စိတ်ပါ၀င်စားစွာ လေ့လာကြည့်ရှုခဲ့ကြသည်။

ထို့နောက် စာစီစာကုံးပြိုင်ပွဲ ဆက်လက်ကျင်းပပြီး ကျပန်းစကားပြောပြိုင်ပွဲ၊ ပုံပြင်ပြောပြိုင်ပွဲ၊ ကဗျာရွတ်ဆိုပြိုင်ပွဲ၊ စာဖတ်စွမ်းရည်ပြိုင်ပွဲများကို ဆက်လက်ကျင်းပသွားမည်ဖြစ်ကြောင်း သိရသည်။

ခရိုင်(ပြန်/ဆက်)