ခိုလမ် ဇူလိုင် ၁၆
ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ခိုလမ်မြို့၊ မူလွန်-ဝမ်ဖွီးကျောင်းတွင် (၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် ဗိုလ်ချုပ်မိန့်ခွန်း ကဗျာရွတ်ဆိုပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီအချိန်က ကျင်းပခဲ့ပါသည်။
အဆိုပါ ကဗျာရွတ်ဆိုပြိုင်ပွဲတွင် ကျောင်းအုပ်ဆရာမကြီး ဒေါ်ခင်လှထွေးမှ ကျောင်းသား/သူများအနေဖြင့် စာပေလေ့လာသင်ကြားရုံတင်မက ဘက်စုံထူးချွန်ထက်မြတ်သော လူငယ်များဖြစ်စေရန်နှင့် ပြိုင်ပွဲများတွင် ပါဝင်ယှဥ်ပြိုင်လိုသည့် အလေ့အကျင့်ကောင်းများရရှိစေရန် ရည်ရွယ်ပြီး ပြိုင်ပွဲများကျင်းပပြုလုပ်ပေးခြင်းဖြစ်ကြောင်းနှင့် ပြိုင်ပွဲစည်းမျဥ်းစည်းကမ်းများကို ရှင်းလင်းပြောကြားခဲ့ပြီး ကျောင်းသား/သူ (၁၈)ဦးတို့မှ အာဇာနည်နေ့အထိမ်းအမှတ်အကြို ကဗျာရွတ်ဆိုပြိုင်ကို အသီးသီးပါဝင်ယှဥ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်မည်ဖြစ်ကြောင်း သိရသည်။
နေလင်းထွန်း(ပြန်/ဆက်)