ရွှေဘိုမြို့အ.မ.က(၁၁)၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကျင်းပ

​ရွှေဘို ဇူလိုင် ၁၇

စစ်ကိုင်တိုင်း​ဒေသကြီး​၊ ရွှေဘိုမြို့၌ (၇၇)နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ်ဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲကို ယနေ့နံနက်ပိုင်းအချိန်က အ.မ.က(၁၁)တွင် ကျင်းပပြုလုပ်ခဲ့သည်။

ဟောပြောပွဲတွင် ကျောင်းအုပ်ဆရာကြီးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး  ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိဒေါ်​အေးမြင့်စန်းက အာဇာနည်နေ့ဖြစ်ပေါ်လာပုံနှင့်နောက်ခံသမိုင်းကြောင်း၊ လွတ်လပ်ရေးရရှိအောင် အသက်ပေးလှူခဲ့ကြသည့် အာဇာနည်ခေါင်းဆောင်ကြီးများ၏ကျေးဇူးတရားကို မမေ့ကြရန် အထူးလိုအပ်ကြောင်းနှင့် အာဇာနည်ခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်အတူ အာဇာနည်(၉)ဦး၏အကြောင်းတို့ကို အသိပညာပေး ဟောပြောခဲ့သည်။

ဆက်လက်၍ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအ​ခြေပြု​ဗဟိုဌာနတွင် (၇၇)နှစ်မြောက်အာဇာနည်နေ့အထိမ်း အမှတ် ကာယ၊ ဥာဏစွမ်းရည်ပြိုင်ပွဲနှင့် စာအုပ်စာစောင်များအား ဖတ်ပြ​ဆွေး​နွေးခြင်းများ​ဆောင်ရွက်ရာ ကျောင်းသား၊ ကျောင်းသူများက စိတ်ပါဝင်စားစွာ ပြန်လည်​ဆွေး​နွေးကြကြောင်း သိရသည်။

ခရိုင်ပြန်/ဆက်