တံတားမြို့ သုံး‌လောကထွဋ်‌ခေါင်မာရ်‌အောင်ရတနာဘုရားကြီး‌ကျောင်းတိုက်တွင် ဝမ်းပျက် ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး ကွင်းဆင်းဆောင်ရွက်

တံတား ဇူလိုင် ၁၇

ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ တံတားမြို့တွင် ဝမ်းပျက် ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေးအတွက် အမှတ်(၁)ရပ်ကွက်အတွင်းရှိ သုံး‌လောကထွဋ်‌ခေါင်မာရ်‌အောင်ရတနာဘုရားကြီး‌ကျောင်းတိုက်သို့ ယနေ့ နံနက်ပိုင်းက ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

ထိုသို့ ကွင်းဆင်းဆောင်ရွက်ရာတွင် တံတားမြို့အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့အုပ်ချုပ်ရေးမှုး ဦးရန်အောင်မျိုးထက်ဦးဆောင်၍ အ‌ထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများ ကျန်းမာရေးဝန်ထမ်းများ၊ စည်ပင်သာယာရေးဦးစီးဌာနမှ ဝန်ထမ်းများ၊ မီးသက်ဦးစီးဌာနမှ ဝန်ထမ်းများ၊ ကြက်ခြေနီအသင်းဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်ရေးအသင်းဝင်များ ပူးပေါင်း၍ ကျောင်းတိုက်အတွင်းရှိ ရေတွင်းရေကန်များအား ကလိုရင်းဆေးခတ်ခြင်း၊ ကျောင်းအိမ်သာအနီးပတ်ဝန်းကျင်များအား ကလိုရင်းဆေးဖြန်းခြင်း၊ ရပ်ကွက်နေပြည်သူများအား ဝမ်းပျက် ဝမ်းလျှောရောဂါကာကွယ်ရေး အသိပညာပေး‌‌ဟောပြောခြင်း၊ ဝမ်းပျက် ဝမ်းလျော ရောဂါဖြစ်ပွားသည့် လက္ခဏာတွေ့ရှိပါက နေအိမ်၌ ကုသခြင်းမပြုရန်နှင့် ကျန်းမာရေးဌာန၊ ဆေးရုံဆေးခန်းများနှင့် ဆက်သွယ်၍ အမြန်ဆုံးကုသမှုခံယူကြရန်၊ တစ်ကိုယ်ရည်သန့်ရှင်းရေးအထူးဂရုပြုဆောင်ရွက်ကြရန် ကျန်းမာရေးဝန်ထမ်းများက အသိပေးဟောပြောမှာကြားခဲ့ကြောင်း သိရသည်။

ခန့်စည်သူဝင်း (ပြန်/ဆက်)