ဖျာပုံမြို့နယ်တွင် (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်တွင် ခရိုင်ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် မြို့နယ်အတွင်းရှိ ဈေးများ၊ လူစည်ကားရာနေရာများ၊ လူနေရပ်ကွက်များသို့သွားရောက်၍ (၈၁) နှစ်မြောက် တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များဖြန့်ဝေခြင်းကို ယနေ့နံနက် (၉) နာရီခွဲ အချိန်ကမြို့နယ်အတွင်း လိုက်လံဖြန့်ဝေခဲ့ကြသည်။

ခန္တီးမြို့၌ ခြင်းတောင်းယက်လုပ်နည်းသင်တန်းဖွင့်လှစ်

စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး၍ အမျိုးသမီးများ အိမ်တွင်းအမှုအတတ်ပညာဖြစ်သည့် ခြင်းတောင်းယက်လုပ်တတ်စေရန်၊ ခြင်းတောင်းယက်လုပ်ရောင်းချခြင်းမှ မိသားစုအပိုဝင်ငွေရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ခြင်းတောင်း ယက်လုပ်နည်းသင်တန်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ မတ် ၂၂ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။

ပြည်ကြီးတံခွန်မြို့နယ်အမှတ် (၂၇) အခြေခံပညာအထက်တန်း‌ကျောင်း၌ တိုင်းဒေသကြီးအဆင့် နွေရာသီယဥ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (စျ)ရပ်ကွက်၊ ၁၃၅လမ်း၊ ၆၀(A)x၆၁ လမ်းကြားရှိ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအဆင့် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။    

ငရုတ်ကောင်းမြို့တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းချစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငရုတ်ကောင်းမြို့တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် မတ်လ ၂၃ ရက် နံနက်ပိုင်းက ငရုတ်ကောင်းမြို့ပေါ်ရှိ  စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစား နိုင်ငံ့ဝန်ထမ်းများအား ပင်စင်လစာငွေများ လစဉ်ပုံမှန်ထုတ်ပေး

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် မတ်လအတွက် ပင်စင်လစာငွေများကို မတ် ၂၃ ရက် နံနက် ၅ နာရီက စတင်၍ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။

ကျောင်းကုန်းမြို့ရှိ စက်ရုံ၊ အလုပ်ရုံများအား မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ "ဒို့လယ်သမား" ဆန်စက်နှင့် အခြားစက်ရုံ၊ အလုပ်ရုံများအား မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၉  နာရီအချိန်ခန့်က လိုက်လံစစ်ဆေးခဲ့ကြသည်။

ဒေးဒရဲမြို့နယ်အတွင်းရှိ စက်သုံးဆီအရောင်းဆိုင်များ၌ စက်သုံးဆီများ ပြတ်လပ်မှုမရှိစေရေး တာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာဒေးဒရဲမြို့နယ်တွင် တရားမဝင်စက်သုံးဆီအရောင်းဆိုင်များ တားဆီးစစ်ဆေးရေးအဖွဲ့က ယနေ့နံနက်ပိုင်းက ဒေးဒရဲမြို့နယ်၊ အုန်းပင်ကျေးရွာအုပ်စုရှိ စက်သုံးဆီအရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လစာ လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး

လားရှိုးမြို့ မြန်မာစီးပွားရေးဘဏ်၌ ပင်စင်လစာ လာရောက်ထုတ်ယူသည့် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်ပေးခြင်းနှင့် အခြေခံစားသောက်ကုန်များ သက်သာသောဈေးနှုန်းဖြင့် ရောင်းချပေး လားရှိုး မတ်-၂၃ လူမော် (ပြန်/ဆက်)

ကျွန်းစုမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)နှင့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် CEIR (Central Equipment Idenity Register-CEIR) နှင့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းဆွေးနွေးပွဲကို မတ်လ  ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျွန်းစုမြို့၊ အမှတ် ၁ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။
Subscribe to