တောင်တွင်းကြီးမြို့နယ်  ပြည်သူ့စာကြည့်တိုက်တွင် လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲ ကျင်းပ

နိုင်ငံတော်မှ လူ့စွမ်းအားအရင်းအမြစ်ဖွံ့ဖြိုးတိုးတက်စေရန်၊ နိုင်ငံတကာနှင့်အညီ ပညာရေးကဏ္ဍကို အထူးအလေးပေးဖော်ဆောင်ပေးလျက်ရှိရာ ကျောင်းသား၊ ကျောင်းသူများ ကျောင်းစာအပြင် ပြင်ပစာပေဗဟုသုတများ ကြွယ်ဝစေရန်၊ လူငယ်လူရွယ် ကျောင်းသား၊ ကျောင်းသူများအား ဘက်စုံထူးချွန်ဖွံ့ဖြိုးတိုးတက်စေရန်၊ ဘဝရည်မှန်းချက်ပန်းတိုင်များ ကောင်းမွန်စွာ လျှောက်လှမ်းနိုင်ကြစေရန်ရည်ရွယ်၍ မကွေးတိုင်းဒေသကြီး တောင်တွင်းကြီးမြို့နယ်ပြည်သူ့စာကြည့်တိုက်တွင် နွေရာသီကျောင်းပိတ်ရက်၌ ကာယ၊ညဏ ဖွံ့ဖြိုးတိုးတက်စေရန် အခမဲ့သင်တန်းများဖွင့်လှစ်သင်ကြားပေးနေသည့် ကလေးများအား  ယနေ့နံနက်ပိုင်းက   လူငယ်ရေးရာအသိပညာပေးဟောပြောပွဲကို ကျင်းပခဲ့ကြောင်း သိရသည်။

ငွေဆောင်မြို့တွင် (၈၁) နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များဖြန့်ဝေ

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ ငွေဆောင်မြို့၌ ၂၀၂၆ ခုနှစ်၊မတ်လ ၂၇ ရက်နေ့တွင် ကျရောက်မည့် (၈၁)နှစ်မြောက်၊ တပ်မတော်နေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်များကို ယနေ့နံနက်ပိုင်းက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးတွင် အခမဲ့ဖြန့်ဝေပေးခဲ့ကြောင်း သိရသည်။

တာချီလိတ်မြို့၌ (၈၁)နှစ်မြောက်တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ကျေးလက်ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကျင်းပ

သမဝါယမနှင့်ကျေးလက်ဖွံ့ဖြိုးရေးဝန်ကြီးဌာန၊ ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ တာချီလိတ်မြို့ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ (၈၁)နှစ်မြောက် တပ်မတော်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် အကောင်အထည်ဖော်ဆောင်ရွက်ခဲ့သည့် မိုင်းကိုးကျေးရွာအုပ်စု မယ်လိတ်ပါကော်ကျေးရွာ ကျေးလက်ကုန်ထုတ်လမ်းသစ်ဖွင့်ပွဲကို ယနေ့ နံနက် ၉ နာရီက အဆိုပါလမ်းမုခ်ဦးတွင် ကျင်းပပြုလုပ်သည်။

ကွန်ဟိန်းမြို့၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲ ဆောင်ရွက်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ ကွန်ဟိန်းမြို့၊  အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေးဟောပြောပွဲအား ယနေ့နံနက် (၉) နာရီခွဲက ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့တွင် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းဆင်းပွဲကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီးအစိုးရအဖွဲ့၏ ဦးဆောင်မှုဖြင့် တိုင်း‌ဒေသကြီးအလုပ်အကိုင် အခွင့်အလမ်းများ ဖန်တီးပေးရေးလုပ်ငန်းကော်မတီနှင့် ရထားစက်မှုသင်တန်းကျောင်း(ရွာထောင်)တို့ ပူးပေါင်းဖွင့်လှစ်သည့် အိမ်တွင်းလျှပ်စစ်သွယ်တန်းတပ်ဆင်ခြင်း သင်တန်းအမှတ်စဉ် (၆/၂၀၂၅-၂၀၂၆) ဆင်းပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက ဒီဇယ်စက်ခေါင်း စက်ရုံ(ရွာထောင်) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

စလင်းမြို့နယ်တွင် မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် ကြက်ခြေနီသင်တန်းဖွင့်ပွဲအခမ်းအနားကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စလင်းမြို့နယ်၌ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီမှ ကြီးမှူးဖွင့်လှစ်သည့် နွေရာသီကျောင်းပိတ်ရက် ကြက်ခြေနီသင်တန်းကို မြို့နယ်ကြက်ခြေနီသူနာပြုတပ်ဖွဲ့နှင့် အခြေခံပညာဦးစီးဌာန မြို့နယ်ပညာရေးမှူးရုံးတို့ ပူးပေါင်းဆောင်ရွက်သော အခြေခံရှေးဦးပြုစုခြင်း ကြက်ခြေနီသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ မတ်လ ၂၃ ရက် နံနက် ၁၀ နာရီအချိန်က အ.ထ.က(၁)ကျောင်းစာသင်ဆောင်အတွင်း၌ ကျင်းပခဲ့ကြောင်း သိရသည်

ငဖဲမြို့နယ်၌ ဆောင်းနေကြာ ၆၈၉ ဧက ရိတ်သိမ်းပြီးစီး

မကွေးတိုင်းဒေသကြီး မင်းဘူးခရိုင် ငဖဲမြို့နယ်၌ ဒေသတွင်းစားသုံးဆီဖူလုံစေရေးအတွက် ဆောင်းသီးနှံများစိုက်ပျိုးရာသီက စိုက်ပျိုးခဲ့သည့် ဆီထွက်သီးနှံ နေကြာ ၆၈၉ ဧကရိတ်သိမ်းပြီးစီးပြီဖြစ်ပြီး တစ်ဧကလျှင် ၁၄.၁၂ တင်းနှုန်းဖြင့် နေကြာ ၉၇၂၉ တင်း ထွက်ရှိကြောင်း သိရသည်။

ကျွန်းလှမြို့နယ်တွင် နွေရာသီအခြေခံအားကစားသင်တန်းများဖွင့်လှစ်မည်

စစ်ကိုင်းတိုင်းဒေသကြီး၊ ကန့်ဘလူခရိုင်၊ ကျွန်းလှမြို့နယ်တွင် ကျောင်းသား၊ ကျောင်းသူများ နွေရာသီကျောင်းပိတ်ရက် အချိန်ကိုအကျိုးရှိစွာအသုံးချတတ်စေရန်၊ မျိုးဆက်သစ် အားကစားသမားများ ပေါ်ထွက်လာစေရန်ရည်ရွယ်၍ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်မည်ဖြစ်ကြောင်း သိရသည်။

မိုင်းဆတ်မြို့၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ အခြေခံအင်္ဂလိပ်စာသင်တန်း ဖွင့်

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနက ကြီးမှူးဖွင့်လှစ်သည့် အခြေခံအင်္ဂလိပ်စာသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၉ နာရီက အဆိုပါရုံးရှိ လူထုအခြေပြုဗဟိုဌာန၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ဘိုကလေးမြို့နယ်တွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ လက်တွေ့မီးငြှိမ်းသတ်နည်း သရုပ်ပြဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဘိုကလေးမြို့နယ်မီးသတ်ဦးစီးဌာနအနေဖြင့် မီးဘေးလုံခြုံရေးလုပ်ငန်းစဉ်များအား စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် (၉) နာရီအချိန်တွင် ဘိုကလေး-စက်ဆန်းကားလမ်းမပေါ်ရှိ နဒီအထူးကုဆေးကုသခန်းတွင် မီးဘေးလုံခြုံရေး အသိပညာပေးဟောပြော၍ လက်တွေ့မီးငြှိမ်းသတ်ခြင်းအား သရုပ်ပြဆောင်ရွက်ခဲ့သည်။
Subscribe to