မန္တလေးတိုင်းဒေသကြီးအဆင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေး ကျင်းပ

မန္တလေးတိုင်းဒေသကြီးအဆင့် ကလေးအလုပ်သမားပပျောက်ရေးဆိုင်ရာကော်မတီနှင့် လုပ်ငန်းကော်မတီရှစ်ရပ်၏ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို မန္တလေးတိုင်းဒေသကြီး၊ လူမှုဝန်ထမ်းဦးစီးဌာန၌ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက ကျင်းပခဲ့ရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုးနှင့် တိုင်းအဆင့်ဌာနဆိုင်ရာ အကြီးအကဲများ တက်ရောက်ခဲ့ကြသည်။

ကော့သောင်းမြို့နယ်၌ ဆလုံနှစ်သစ်ကူးပွဲတော်ကျင်းပ

တနင်္သာရီတိုင်းဒေသကြီးအစိုးရအဖွဲ့ တိုင်းရင်းသားရေးရာဝန်ကြီးနှင့် ဆလုံစာပေနှင့်ယဉ်ကျေးမှုအသင်းတို့ပူးပေါင်းကျင်းပသော တနင်္သာရီ တိုင်းဒေသကြီးအတွင်း မှီတင်းနေထိုင်ကြသည့် ဆလုံလူမျိုးများ၏ ဒုတိယအကြိမ်မြောက် ဆလုံနှစ်သစ်ကူးပွဲတော်ကို ကော့သောင်းမြို့နယ်၊ စူငယ်ဘာလိုင်းကျေးရွာအုပ်စု၊ မကြုံကလက်ကျေးရွာ၌ မတ်လ ၂၃ ရက်နံနက်ပိုင်းက စည်ကားသိုက်မြိုက်စွာ ကျင်းပခဲ့ကြောင်း သိရသည်။

ကျောက်ဆည်မြို့နယ်၌ အစိုးရဓမ္မာစာရိယစာမေးပွဲ စတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ ကျောက်ဆည်မြို့၌ အခြေခံမူရင်းဖြစ်သော ပရိယတ္တိ သာသနာတော် ထွန်းကားပြန့်ပွားစေရန် ရည်ရွယ်၍ အစိုးရဓမ္မာစရိယစာမေးပွဲကို မတ်လ ၂၃ ရက်နေ့ မွန်းလွဲ ၁ နာရီက သင်တောင်းကျေးရွာ ဆုတောင်းပြည့်မဟာရွှေသိမ်တော်ဘုရား ဓမ္မာရုံတွင် ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

ထားဝယ်မြို့၌ ရွေ့လျားစာကြည့်တိုက်ဖြင့် ဌာနဆိုင်ရာရုံးများသို့သုတ/ရသစာအုပ် စာစောင်များငှားရမ်း

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဝန်ထမ်းများက ဒေသခံပြည်သူများအား စာပေဖတ်ရှုသည့်အလေ့အကျင့်ကောင်းများဖြစ်ပေါ်လာစေရန်၊ ခရိုင်ပြည်သူ့စာကြည့်တိုက်သို့ လာရောက်မငှားရမ်းနိုင်သည့် ရပ်ကွက်များသို့ ရွေ့လျားစာကြည့်တိုက် Mobile Library Bus ဖြင့် သုတ/ရသစာအုပ်စာစောင်များ တင်ဆောင်၍လှည့်လည်ငှားရမ်းပေးလျက်ရှိရာ မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းတွင် ထားဝယ်မြို့၊ ဌာနဆိုင်ရာရုံးများသို့ သုတ/ရသ စာအုပ်စာစောင်များ ငှားရမ်းပေးခဲ့သည်။

ပေါင်မြို့နယ်၌ နွေစပါးစိုက်ဧက (၂၃၀၉၈) စိုက်ပျိုးပြီးစီး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ မတ် (၂၃) ရက်နေ့အထိ နွေစပါးစိုက်ဧက (၂၃၀၉၈) စိုက်ပျိုးပြီးစီးကြာင်း စိုက်ပျိုးရေးဦးစီးဌာနမှသိရသည်။

ပြင်ဦးလွင်ခရိုင် လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင်  စာပေ၊ ကဗျာ၊ ဆောင်းပါးရေးသားနည်းသင်တန်း ဖွင့်လှစ်

ကျောင်းသား၊ ကျောင်းသူများ မြန်မာစာအရေးအသား တိုးတက်စေရန်ရည်ရွယ်၍ မန္တလေးတိုင်းဒေသကြီး၊ ပြင်ဦးလွင်ခရိုင်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန(Community Centre)တွင် စာပေ၊ ကဗျာ၊ ဆောင်းပါးရေးသားနည် သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့‌မွန်းလွဲ ၁ နာရီက ကျင်းပပြုလုပ်ခဲ့ရာ ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်မင်း‌ဦးက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်အား ရှင်းလင်းပြောကြားခဲ့သည်။

ညောင်ဦးခရိုင်၌ ၂၀၂၆ ခုနှစ် အစိုးရ ဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲစတင်ဖြေဆို

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၌ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ သာသနာရေးဦးစီးဌာနက ကျင်းပသည့် ၂၀၂၆ ခုနှစ်၊ အစိုးရဓမ္မာစရိယနှင့် ပါဠိပထမပြန်စာမေးပွဲကို မတ် ၂၃ ရက် မွန်းတည့် ၁၂ နာရီက ညောင်ဦးမြို့နယ်၊ ပုဂံမြို့ဟောင်း၊ ဇမ္ဗူဒီပသာသနဗိမာန်တော်ကြီး၌လည်းကောင်း၊ ကျောက်ပန်းတောင်းမြို့၊ ဘူတာရပ်ကွက်ရှိ မြို့နယ်လုံးဆိုင်ရာ သာသနာ့ဗိမာန်တော်ကြီးတို့တွင် ဖြေဆိုလျက်ရှိကြောင်း သိရသည်။

ပြည်ကြီးတံခွန်မြို့နယ်အတွင်းရှိ စက်ရုံအလုပ်ရုံများနှင့် မီးဘေးစိုးရိမ်ရ‌သော ရပ်ကွက်လူနေအိမ်များအား မီးဘေးလုံခြုံရေးစစ်ဆေးဆောင်ရွက်

 မန္တလေးတိုင်း‌ဒေသကြီး၊ မဟာအောင်မြေခရိုင်၊ ပြည်ကြီးတံခွန်မြို့နယ်တွင် ပူပြင်းခြောက်သွေ့သောနွေရာသီသို့ ရောက်ရှိလာပြီဖြစ်ပါသဖြင့် မီးလောင်မီးလန့်မှုများ မဖြစ်ပွား မပေါ်ပေါက်စေရေးအတွက် မတ်လ ၂၃ ရက်နေ့ နံနက်ပိုင်းက စတင်၍ စက်ရုံအလုပ်ရုံများနှင့် မီးဘေးစိုးရိမ်ရ‌သော ရပ်ကွက်လူ‌ နေအိမ်များအား မီးဘေးလုံခြုံရေး စစ်ဆေးဆောင်ရွက်ခဲ့သည်။

မှော်ဘီမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းဖွင့်လှစ်

ရန်ကုန်တိုင်းဒေသကြီး၊ မြောက်ပိုင်းခရိုင်၊ မှော်ဘီမြို့နယ်၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ကျောင်းသား၊  ကျောင်းသူ လူငယ်များ နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း အသိပညာဗဟုသုတ တိုးပွားလာစေရန်၊ အချိန်ကိုအကျိုးရှိစွာ အသုံးပြုတတ်စေရန်ရည်ရွယ်၍ အခြေခံအင်္ဂလိပ်စာ (အခမဲ့) သင်တန်းဖွင်ပွဲအခမ်းအနားကို မတ် ၂၂ ရက်နေ့ နံနက် ၉ နာရီ အချိန်က ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to