မြစ်သား မတ် ၂၃
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်တွင် မတ်လအတွက် ပင်စင်လစာငွေများကို မတ် ၂၃ ရက် နံနက် ၅ နာရီက စတင်၍ထုတ်ပေးလျက်ရှိရာ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများ ပင်စင်လစာလာရောက်ထုတ်ယူရာတွင် အခက်အခဲမရှိ လွယ်ကူအဆင်ပြေစွာ ထုတ်ယူနိုင်ရန်အတွက် ဘဏ်ဝန်ထမ်းများက စီစဥ်ဆောင်ရွက်ပေးလျက်ရှိသည်။
မြစ်သားမြို့နယ် မြန်မာ့စီးပွားရေးဘဏ်မှ ပင်စင်စားဝန်ထမ်းများကို လစဉ် ၂၁ ရက်နေ့မှ ၂၅ ရက်နေ့အထိ အငြိမ်းစားများအား နံနက် ၅ နာရီမှစတင်ထုတ်ပေးမည်ဖြစ်ပြီး ကျန်ရက်များတွင် နိုင်ငံ့ဝန်ထမ်းလစာထုတ်ပေးသည့်နေ့အထိ နံနက် ၆ နာရီမှစ၍ ထုတ်ပေးသွားမည် ဖြစ်ကြောင်း သိရသည်။ ယနေ့နံနက်ပိုင်း ဘဏ်ဖွင့်ချိန်တွင် တုံကင်ထပ်စနစ်ဖြင့်သတ်မှတ်၍ ထုတ်ပေးလျက်ရှိပြီး အငြိမ်းစားပင်စင်စားများလာရောက်ထုတ်ယူလျက်ရှိကြောင်း၊ ပင်စင်လစာငွေများ ထုတ်ယူရာတွင် ပင်စင်စားဝန်ထမ်းများအနေဖြင့် ကိုယ်တိုင်သော်လည်းကောင်းအကြောင်း အမျိုးမျိုးကြောင့်ကိုယ်တိုင်လာ ရောက်ထုတ်ယူနိုင်ခြင်းမရှိသူများအနေဖြင့် ၎င်းတို့ မိသားစုဝင်တစ်ဦးမှ ကိုယ်စားလှယ်လွှဲစာဖြင့် ကိုယ်စားလာရောက်ထုတ်ယူလျက်ရှိကြောင်း မြန်မာ့စီးပွားရေးဘဏ် တာဝန်ရှိသူတစ်ဦးထံမှ သိရသည်။
ဝါဝါမြင့် (မြစ်သား)