ကျောင်းကုန်းမြို့ရှိ စက်ရုံ၊ အလုပ်ရုံများအား မီးဘေးလုံခြုံရေး လိုက်လံစစ်ဆေး

ကျောင်းကုန်း မတ် ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ကျောင်းကုန်းမြို့နယ်၊ အမှတ်(၄)ရပ်ကွက်ရှိ "ဒို့လယ်သမား" ဆန်စက်နှင့် အခြားစက်ရုံ၊ အလုပ်ရုံများအား မီးဘေးလုံခြုံရေးအတွက် ယနေ့နံနက် ၉  နာရီအချိန်ခန့်က လိုက်လံစစ်ဆေးခဲ့ကြသည်။

မြို့နယ်မီးသတ်ဦးစီးမှူး ဦးတင်ဝင်း ဦးဆောင်၍ မြို့နယ်လျှပ်စစ်အင်ဂျင်နီယာ ဦးသစ္စာထွန်းနှင့် မီးသတ်တပ်ဖွဲ့ဝင်များက စက်ရုံ၊ အလုပ်ရုံများ၌ မီးသတ်ဆေးဘူးထားရှိမှု၊ လျှပ်စစ်သွယ်တန်းသုံးစွဲမှု၊ မီးသုံးစွဲမှု၊ မီးဘေးတားဆီး‌ကာကွယ်ရေးပစ္စည်းများ ထားသိုသုံးစွဲမှုအခြေအနေများကို စစ်ဆေးကာ လိုအပ်သည်များ လိုက်နာဆောင်ရွက်ရန် လမ်းညွှန်မှာကြားခဲ့ကြောင်း သိရသည်။

ဝင်းကြိုင်(ပြန်/ဆက်)