ခန္တီး မတ် ၂၃
စစ်ကိုင်းတိုင်းဒေသကြီး၊ ခန္တီးမြို့တွင် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ကကြီးမှူး၍ အမျိုးသမီးများ အိမ်တွင်းအမှုအတတ်ပညာဖြစ်သည့် ခြင်းတောင်းယက်လုပ်တတ်စေရန်၊ ခြင်းတောင်းယက်လုပ်ရောင်းချခြင်းမှ မိသားစုအပိုဝင်ငွေရရှိစေရန်နှင့် အလုပ်အကိုင်အခွင့်အလမ်းများ ပေါ်ပေါက်လာစေရန် ရည်ရွယ်၍ ခြင်းတောင်း ယက်လုပ်နည်းသင်တန်းကို ခရိုင်အထွေထွေအုပ်ချုပ်ရေးဉီးစီးဌာန၊ အစည်းအဝေးခန်းမ၌ မတ် ၂၂ ရက်နေ့က ဖွင့်လှစ်ခဲ့ကြောင်းသိရသည်။
အဆိုပါသင်တန်းတွင် ခြင်းတောင်းယက်လုပ်ပုံ အဆင့်ဆင့်ကို နည်းစနစ်တကျသင်ကြားပြသရာ တက်ရောက်လာကြသည့် အမျိုးသမီးသင်တန်းသူ(၂၀)ဉီးက စိတ်ပါဝင်စားစွာ လေ့လာကြည့်ရှုခဲ့ပြီး မိမိတို့ကိုယ်တိုင် ခြင်းတောင်းများ ယက်လုပ်ခဲ့ကြသည်။
ထို့နောက် ခရိုင်အမျိုးသမီးရေးရာအဖွဲ့ဉက္ကဋ္ဌ ဒေါ်နှင်းအိခိုင်က ငွေကျပ်(၅၀,၀၀၀/-)နှင့် အမှတ်တရပစ္စည်းများပေးအပ်ရာ သင်တန်းနည်းပြဆရာ ဉီးကိုလေးက လက်ခံရယူခဲ့ပြီး အမှတ်တရ စုပေါင်းမှတ်တမ်းဓာတ်ပုံရိုက်ကူးခဲ့ကြောင်း သိရသည်။
ကမ်းကီး(ပြန်/ဆက်)