ပြည်ကြီးတံခွန်မြို့နယ်အမှတ် (၂၇) အခြေခံပညာအထက်တန်း‌ကျောင်း၌ တိုင်းဒေသကြီးအဆင့် နွေရာသီယဥ်ကျေးလိမ္မာ သင်တန်းဖွင့်ပွဲအခမ်းအနား ကျင်းပ

ပြည်ကြီးတံခွန်  မတ် ၂၃

မန္တလေးတိုင်းဒေသကြီး၊ ပြည်ကြီးတံခွန် မြို့နယ်၊ (စျ)ရပ်ကွက်၊ ၁၃၅လမ်း၊ ၆၀(A)x၆၁ လမ်းကြားရှိ အမှတ်(၂၇) အခြေခံပညာအထက်တန်းကျောင်း၊ အောင်တံခွန်ခန်းမ၌ ပညာရေးဝန်ကြီးဌာနမှ ကြီးမှူးကျင်းပသည့် တိုင်းဒေသကြီးအဆင့် နွေရာသီယဥ်ကျေးလိမ္မာသင်တန်းဖွင့်ပွဲ အခမ်းအနားကို ယမန်နေ့ နံနက် ၉ နာရီက ကျင်းပပြုလုပ်ခဲ့သည်။    

အဆိုပါ အခမ်းအနားသို့ မန္တလေးတိုင်းဒေသ ကြီး ဝန်ကြီးချုပ် ဦမျိုးအောင်၊ တိုင်းဒေသကြီးတရားသူကြီးချုပ် ဒေါ်လှ​မြင့်၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ သံယဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီးဦးအောင်ဇော်ဦး၊ တိုင်းဒေသကြီး ပညာရေးဦးစီးဌာနမှ ဒုတိယညွှန်ကြားရေးမှူးချုပ် ဒေါက်တာစိုးမြင့်ထွန်းနှင့် တိုင်း/ခရိုင်/မြို့နယ်အဆင့် ပညာရေးဝန်ထမ်းများ၊ တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော်သိန်းစိုး၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊ ကျောင်းသား၊ ကျောင်းသူများ ၂၅၀ ဦးခန့်၊ စုစုပေါင်း ၃၀၀ ဦးခန့် တက်ရောက်ခဲ့သည်။ အခမ်းအနားအား တက်ရောက်လာသူများမှ နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး မန္တလေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးမျိုးအောင်မှ အဖွင့်အမှာစကားပြောကြားခဲ့ပြီးနောက် ဦးစီးအရာရှိ ဦးကျော်သိန်းစိုးမှ သင်တန်းဖွင့် လှစ်ပို့ချရခြင်း၏ ရည်ရွယ်ချက်များ၊ သင်တန်း စည်းမျဉ်းစည်းကမ်းများနှင့် သင်ကြားပို့ချမည့် ဘာသာရပ်များအား ရှင်းလင်းတင်ပြခဲ့သည်။ င်းနောက် ဝန်ကြီးချုပ် ဦးမျိုးအောင်မှ သင်တန်းသုံး သင်ထောက်အကူပြုပစ္စည်းများ ပေးအပ်ခဲ့ရာ အမှတ်(၂၇ ) အခြေခံပညာအထက်တန်းကျောင်းမှ ကျောင်းအုပ်ဆရာကြီး Dr.အောင်သက်ဆွေမှ လက်ခံရယူခဲ့ကြောင်းနှင့် တက်ရောက်လာ သူများမှ ဗုဒ္သာသာသနံ စိရံတိဌတု ၃ ကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားရုပ်သိမ်းခဲ့သည်။   

အဆိုပါ တိုင်းဒေသကြီးအဆင့် ​နွေရာသီ ယဥ်ကျေးလိမ္မာသင်တန်းတွင် သင်တန်းနည်းပြများဖြစ်သည့် တိုင်းဒေသကြီးသာသနာရေးမှူးရုံးမှ ဦးစီးအရာရှိ ဦးကျော် သိန်းစိုး ဦးစီး၍ ဝန်ထမ်းများက  သင်တန်းသား၊ သင်တန်းသူများဖြစ်သည့် ကျောင်းသား၊ကျောင်းသူ ၂၅၀ ဦးတို့ အား သင်ကြားပို့ချသွားမည်ဖြစ်ပြီး သင်တန်းကာလမှာ မတ်လ ၂၁ ရက် မှ ဧပြီလ ၇ ရက်နေ့အထိ ၁၈ ရက်ကြာ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

ဇင်မင်းမောင် (ခရိုင်၊ ပြန်/ဆက်)