ကျွန်းစုမြို့နယ်၌ ဗဟိုမိုဘိုင်းစက်ပစ္စည်းသက်သေခံမှတ်ပုံတင်စနစ် (CEIR)နှင့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းဆွေးနွေးပွဲ ကျင်းပ

ကျွန်းစု မတ် ၂

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့နယ်တွင် ဗဟိုမိုဘိုင်းစက်ပစ္စည်း သက်သေခံမှတ်ပုံတင်စနစ် CEIR (Central Equipment Idenity Register-CEIR) နှင့် အခွန်ဆိုင်ရာကိစ္စရပ်များ အသိပေးရှင်းလင်းဆွေးနွေးပွဲကို မတ်လ  ၂၁ ရက်နေ့ မွန်းလွဲ ၁ နာရီက ကျွန်းစုမြို့၊ အမှတ် ၁ ရပ်ကွက်၊ အုပ်ချုပ်ရေးမှူးရုံး၌ ကျင်းပသည်။

ဆွေးနွေးပွဲတွင်  ရပ်ကွက်အုပ်ချုပ်ရေးမှူးက  အဖွင့်အမှာစကားပြောကြားခဲ့ပြီး အခွန်ဦးစီးဌာနမှူး ဦးသိုက်ထွန်းက အခွန်ကိစ္စရပ်များအား ရှင်းလင်းဆွေးနွေးသည်။

ထို့နောက် မြန်မာဆက်သွယ်ရေးလုပ်ငန်းမြို့နယ်တာဝန်ခံ ဒေါ်နုနုလှိုင်က CEIR Public Portalတွင် မှတ်ပုံတင်ခြင်းဆိုင်ရာများနှင့်ပတ်သက်သည့်များကို ရှင်းလင်းဆွေးနွေးပြောကြားပြီး တက်ရောက်လာသူများက သိလိုသည်များ မေးမြန်းဆွေးနွေးကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဆွေးနွေးခဲ့ကြကြောင်း၊ အလားတူ မွန်းလွဲ ၂ နာရီတွင် အမှတ် ၂ ရပ်ကွက်အုပ်ချုပ်ရေးမှူးရုံး၌ အသိပေးရှင်းလင်း‌ဆွေးနွေးပွဲကို ဆက်လက်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

ထက်မြင့်(ကျွန်းစု)