စလင်းမြို့နယ်တွင် စာအုပ်စာစောင်ပြပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ပြုလုပ်

မ​ကွေးတိုင်းဒေသကြီး မင်းဘူးခရိုင်၊ စလင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၊ ပြည်သူ့စာကြည့်တိုက်အတွင်း၊လူငယ်များ အသိပညာဗဟုသုတတိုးပွားစေရန်၊ စာဖတ်ရှုသည့် အလေ့အကျင့်ကောင်းများ ဖြစ်ပေါ်လာစေရန်၊ စာကြည့်တိုက်နှင့် ရင်းနှီးကျွမ်းဝင်မှုရှိစေရန်နှင့် လူငယ်များအနေဖြင့် ကျောင်းစာအပြင် ပြင်ပစာပေများ လေ့လာဖတ်ရှုခြင်းဖြင့် ဗလငါးတန်ဖွံ့ဖြိုးသည့် အနာဂတ်ခေါင်းဆောင်ကောင်းများ ဖြစ်ပေါ်လာစေရန် ရည်ရွယ်၍ စာအုပ်စာစောင်ပြပွဲ၊ နံရံကပ်စာစောင်ပြပွဲနှင့် ဓါတ်ပုံပြပွဲတို့ကို ယမန်နေ့နံနက် (၁၀) နာရီအချိန်က စလင်းမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန စာကြည့်တိုက်အတွင်း၌ ပြုလုပ်သည်။

စေတုတ္တရာမြို့နယ်၌ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြပွဲ ကျင်းပ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ စေတုတ္တရာမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ကလေးအလုပ်သမားပပျောက်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်နှင့် စာအုပ်ပြပွဲကို မတ်လ ၂၂ ရက်နေ့ နံနက် (၉) နာရီက လူထုအခြေပြုဗဟိုဌာန (Community Centre) ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ကြံခင်းမြို့ရှိ မြန်မာ့စီးပွားရေးဘဏ်တွင် အငြိမ်းစားပင်စင်လစာ (၁၁၈၇) ဦးအားထုတ်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် မြန်မာ့စီးပွားရေးဘဏ်၌ အငြိမ်းစားပင်စင်စား ၁၁၈၇ ဦးအား ယနေ့နံနက် ၆ နာရီမှစတင်၍ ပင်စင်လစာငွေများ ထုတ်ပေးလျက်ရှိသည်။

လားရှိုးမြို့ မြို့မဈေးကြီး၌ ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ် အသိပညာပေး လက်ကမ်းစာစောင်များ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရေး အခမဲ့ဖြန့်ဝေ

ပြန်ကြားရေးဝန်ကြီးဌာန၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ ရှမ်းပြည်နယ် (မြောက်ပိုင်း) လားရှိုးခရိုင်ရုံးမှ ကြိုတင်ကာကွယ် အပူဒဏ်အန္တရာယ်  အသိပညာပေး လက်ကမ်းစာစောင်များ အများပြည်သူ ဖတ်ရှုလေ့လာနိုင်ရေး အခမဲ့ဖြန့်ဝေခြင်းကို ယမန်နေ့က လားရှိုးမြို့ မြို့မဈေးကြီး၌ ဆောင်ရွက်ခဲ့သည်။

မိုင်းယောင်းမြို့နယ်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပ

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းယောင်းမြို့နယ်၌ ယမန်နေ့က နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ လေထုညစ်ညမ်းမှု တားဆီးကာကွယ်ရေး အသိပညာပေးဟောပြောပွဲ ကျင်းပခဲ့ကြောင်း သိရသည်။

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်‌ရှောက်မှုပေး

စစ်ကိုင်းမြို့ မြန်မာ့စီးပွားရေးဘဏ်တွင် ပင်စင်လာရောက်ထုတ်ယူသည့် နိုင်ငံ့ဝန်ထမ်းအငြိမ်းစားများအား ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အာဟာရဆန်ပြုတ်များတိုက်ကျွေးခြင်းနှင့် စားသုံးဆီများစျေးနှုန်းချိုသာစွာ ရောင်းချပေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ နံနံပင်ကုန်းကျေးရွာအရောက် ကျန်းမာရေးအသိပညာပေးဟောပြော၊ အခမဲ့ဆေးကုသစောင့်ရှောက်‌ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ် တိုင်းရင်းဆေးကုဌာနမှ လစဉ်ကျေးရွာများအရောက် ကျန်းမာရေးအသိပညာပေးဟောပြော၊ အခမဲ့ဆေးကုသစောင့်ရှောက်‌ပေးလျက်ရှိရာ မတ်လ ၂၂ ရက်နေ့၊ နံနက် ၉ နာရီအချိန်စတင်၍ နံနံပင်ကုန်းကျေးရွာအုပ်စု၌ ဆောင်ရွက်ပေးခဲ့ကြသည်။

ကချင်ပြည်နယ်ဝန်ကြီးချုပ် စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် စိုက်ပျိုးချိန်တွင် တောင်သူများ စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေး ညှိနှိုင်းဆွေးနွေး

ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ပြည်နယ်အတွင်း စက်သုံးဆီခြိုးခြံချွေတာနိုင်ရေး၊ ဈေးနှုန်းတည်ငြိမ်မှုရှိစေရေးနှင့် စိုက်ပျိုးချိန်တွင် တောင်သူများအတွက် စက်သုံးဆီဖူလုံစွာသုံးစွဲနိုင်ရေးအတွက် လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့မွန်းလွဲပိုင်းတွင် ပြည်နယ်အစိုးရ အဖွဲ့ရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြသည်။

မော်လမြိုင်မြို့နယ်တွင် စက်သုံးဆီပြတ်လပ်မှုမရှိစေရေးနှင့် သတ်မှတ်စည်းမျဉ်းစည်းကမ်းများအတိုင်း ရောင်းချစေရေး မြေပြင်ကွင်းဆင်းစစ်ဆေး

မွန်ပြည်နယ်၊ မော်လမြိုင်မြို့နယ်တွင် စက်သုံးဆီခြိုးခြံချွေတာရေးနှင့် ဖူလုံမှုရှိစေရေးအတွက် ပြည်နယ်ရေနံနှင့်ရေနံထွက်ပစ္စည်းဆိုင်ရာလုပ်ငန်းများ ထိန်းသိမ်းကြီးကြပ်ရေးကော်မတီ၏ လမ်းညွှန်မှုဖြင့် မြို့နယ်ရေနံနှင့် ရေနံထွက်ပစ္စည်းဆိုင်ရာ လုပ်ငန်းများထိန်းသိမ်းကြီးကြပ်ရေး ဆပ်ကော်မတီဥက္ကဋ္ဌ ဦးအောင်ဝင်းနိုင်နှင့်အဖွဲ့ဝင်များသည် မတ်လ ၂၂ ရက်နေ့၊ နံနက်ပိုင်း အချိန်တွင် အဖွဲ့ (၃) ဖွဲ့ခွဲ၍ မော်လမြိုင်မြို့ပေါ်ရှိ  စက်သုံးဆီအရောင်းဆိုင်များသို့ သွားရောက်၍ ကွင်းဆင်းစစ်ဆေးခြင်း ဆောင်ရွက်ခဲ့သည်။

ရပ်စောက်၌ နယ်စပ်ဖြတ်ကျော် မီးခိုးမြူငွေ့ညစ်ညမ်းမှုလျှော့ချရေးဆိုင်ရာ တွေ့ဆုံပွဲအခမ်းအနားပြုလုပ်

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ တောင်ကြီးခရိုင် ရပ်စောက်မြို့နယ်တွင် နယ်စပ်ဖြတ်ကျော်မီးခိုးမြူငွေ့ ညစ်ညမ်းမှုလျော့ချရေးဆိုင်ရာ တွေ့ဆုံပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
Subscribe to