ဝါးခယ်မမြို့နယ်တွင် မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြောင်းရွှေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအား ထောက်ပံ့ပေးအပ်
ဧရာဝတီတိုင်းဒေသကြီး၊ မြောင်းမြခရိုင်၊ ဝါးခယ်မမြို့နယ်၊ ရွှေလောင်းကျေးရွာ အ.ထ.က(ရွှေလောင်း)ကျောင်း မေခခန်းမ၌ ယနေ့မွန်းလွဲ ၁ နာရီခွဲအချိန်က မြစ်ကမ်းပါးပြိုကျမှုကြောင့် နေအိမ်ပြောင်းရွေ့ခဲ့ရသည့် အိမ်ထောင်စုဝင်များအား အိမ်ဆောက်ပစ္စည်းထောက်ပံ့ငွေနှင့် ဆန်ရိက္ခာထောက်ပံ့ငွေများ ထောက်ပံ့ပေးအပ်ခဲ့ကြောင်း သိရသည်။