နတ်တလင်းမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုနှင့် မြစ်ရေဝင်ရောက်မှုကြောင့် စာသင်ကျောင်း (၇) ကျောင်း ခေတ္တယာယီပိတ်ထား
ပဲခူးတိုင်းဒေသကြီး၊ နတ်တလင်းခရိုင်၊ နတ်တလင်းမြို့နယ်တွင် မိုးသည်းထန်းစွာရွာသွန်းမှုနှင့် မြစ်ရေဝင်ရောက်မှုကြောင့် ရေကြီးရေလျှံမှုများဖြစ်ပေါ်ခဲ့၍ ယနေ့နံနက်ပိုင်းမှစတင်ကာ စာသင်ကျောင်း(၇)ကျောင်း ခေတ္တယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။