မင်းဘူးခရိုင်၌ ဒေသတွင်းသီးနှံမျိုးစုံ စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားရေး တောင်သူနည်းပညာပေးသင်တန်း ဖွင့်လှစ်သင်ကြားပို့ချ

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ ဒေသခံတောင်သူများ သီးနှံစိုက်ပျိုးရာတွင် မျိုး၊ မြေ၊ ရေ စိုက်ပျိုးနည်းစနစ်တို့ကိုအခြေခံ၍ ဒေသတွင်းသီးနှံမျိုးစုံစိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားရေးနှင့် ပန်းတိုင်အထွက်နှုန်းတိုးတက်ရရှိရေးအတွက် တောင်သူနည်းပညာပေးသင်တန်းကို ယနေ့နံနက် ၉ နာရီအချိန်က မင်းဘူး(စကု)မြို့နယ်ရှိ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန သိမ်ကုန်းနည်းပညာပြန့်ပွားရေးစင်တာဝင်းအတွင်းရှိ စိုက်ပျိုးပညာပေးရေးနှင့် ဒေသဖွံ့ဖြိုးရေးသင်တန်းကျောင်း၌ ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်းနှင့် အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းဖြင့်ရောင်းချပေး

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား အခမဲ့ကျန်းမာရေးစောင့်ရှောက်မှုပေးခြင်း၊ အခြေခံစားသောက်ကုန်များအား သက်သာသောဈေးနှုန်းတို့ဖြင့် ရောင်းချပေးခြင်းတို့ကို ယနေ့နံနက်ပိုင်းက ပေါင်မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝါရီရူခန်းမ၌ တာဝန်ရှိသူများ ပူးပေါင်းဆောင်ရွက်ခဲ့ကြသည်။

ဖျာပုံမြို့နယ်အတွင်း သတ်မှတ်ရည်ညွှန်းစျေးနှုန်းအတိုင်း ဆန်ရောင်းချနေမှု ရှိ/မရှိ ကွင်းဆင်းစစ်ဆေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဖျာပုံမြို့နယ်အတွင်းရှိ ဆန်အရောင်းဆိုင်များ၊ ဆန်ဂိုဒေါင်များတွင် လက်ကျန်ဆန်စာရင်း ကောက်ယူခြင်း၊ ပစ္စည်းပြတ်လပ်မှု မရှိစေရေး၊ စားသုံးသူများ သင့်တင့်မျှတသော စျေးနှုန်းဖြစ်စေရေး၊ ဆန်တန် (၅၀)အထက်ရှိသော ဆန်ဂိုဒေါင်များအား မှတ်ပုံတင်ကြရန်နှင့် ဆန်လက်လီ/လက်ကား အရောင်းဆိုင်များအား မြို့နယ်စျေးကွက်စောင့်ကြည့် စစ်ဆေးရေးအဖွဲ့မှ မြို့နယ်အတွင်း သတ်မှတ်ရည်ညွှန်း စျေးနှုန်းအတိုင်း ဆန်ရောင်းချနေမှုရှိ/မရှိ ကွင်းဆင်းစစ်ဆေးခြင်းကို ယမန်နေ့ နေ့လယ်ပိုင်းက မြို့ပေါ်ရပ်ကွက်များရှိ ဆန်အရောင်းဆိုင်များအား ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း သိရသည်။

မိုးရာသီကာလ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ်

မိုးရာသီကာလ ဝမ်းပျက်၊ ဝမ်းလျှောရောဂါကြိုတင်ကာကွယ်ရေး အသိပညာပေး Talk Show ပြုလုပ် ရမည်းသင်း ဇူလိုင်၂၂ ခရိုင်(ပြန်/ဆက်)

မအူပင်မြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ကျောင်း(၂၂)ကျောင်း ခေတ္တပိတ်ထားရ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တိုးမြစ်ရေဝင်ရောက်မှုကြောင့် ကျေးရွာအုပ်စု(၁၀)အုပ်စု၊ ကျေးရွာခွဲ(၁၈)ရွာမှ ကျောင်းပေါင်း(၂၂) ကျောင်း ယနေ့နံနက်ပိုင်းက ခေတ္တပိတ်ထားရသည်။

ရေဖြူ၌ အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ်အကြို အခြေခံပညာကျောင်းပေါင်းစုံ အထက်တန်းအဆင့် စာစီစာကုံးပြိုင်ပွဲကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ ရေဖြူမြို့၌ ၂၀၂၄ ခုနှစ်၊ ဩဂုတ်လ ၁၂ ရက်နေ့တွင် ကျရောက်မည့် အပြည်ပြည်ဆိုင်ရာလူငယ်များနေ့အထိမ်းအမှတ် အခြေခံပညာအထက်တန်းအဆင့် ကျောင်းပေါင်းစုံ စာစီစာကုံးပြိုင်ပွဲကို ယနေ့နံနက် (၉)နာရီကအခြေခံပညာ အထက်တန်းကျောင်း၊ ရေဖြူ၌ ကျင်းပပြုလုပ်ခဲ့သည်။

ကလေးမြို့တွင် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး အခမ်းအနားကျင်းပ

စစ်ကိုင်းတိုင်းဒေသကြီး၊ ကလေးမြို့တွင် ကလေးခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်လမ်းညွှန်မှုဖြင့် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပညာရေးဌာနတို့ ပူးပေါင်းကျင်းပသည့် စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး လှုပ်ရှားမှုအခမ်းအနားကို ယနေ့နံနက်ပိုင်းက အမှတ်(၆)၊ အခြေခံပညာအထက်တန်းကျောင်းတွင် ကျင်းပခဲ့သည်။

မိုင်းယောင်းမြို့၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ

မိုင်းယောင်းမြို့၌ မသန်စွမ်းသူများဆိုင်ရာ အသိပညာပေး Talk Show ကျင်းပ မိုင်းယောင်း ဇူလိုင် ၂၂ ဝေဝေခိုင်(ပြန်/ဆက်)

ကော့သောင်းမြို့၌ လူကုန်ကူးမှုဥပဒေ၊ လူကုန်ကူးခံရသူ စိစစ်သတ်မှတ်ခြင်း၊ လွှဲပြောင်းညွှန်းပို့ခြင်းနှင့် အကူအညီပေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနား ပြုလုပ်

တနင်္သာရီတိုင်းဒေသကြီး၊ ကော့သောင်းခရိုင်၊ ကော့သောင်းမြို့၌ မြန်မာနိုင်ငံရဲတပ်ဖွဲ့ လူကုန်ကူးမှုတားဆီးနှိမ်နင်းရေးရဲတပ်ဖွဲ့ အမှတ်(၂) လူကုန်ကူးမှု တားဆီးနှိမ်နင်းရေး ရဲတပ်ဖွဲ့စိတ် (ကော့သောင်း)မှ ဖွင့်လှစ်သည့် လူကုန်ကူးမှုဥပဒေ၊ လူကုန်ကူးခံရသူ စိစစ်သတ်မှတ်ခြင်း၊ လွှဲပြောင်းညွှန်းပို့ခြင်းနှင့် အကူအညီပေးခြင်းဆိုင်ရာ သင်တန်းဖွင့်ပွဲ အခမ်းအနားကို ယနေ့နံနက် (၉:၃၀)အချိန်က‌ ကော့သောင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဟံသာဝတီခန်းမ၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ကလောမြို့နယ်၌ အငြိမ်းစားဝန်ထမ်းပင်စင်လစာများ ပုံမှန်ထုတ်ပေး

ရှမ်းပြည်နယ်တောင်ပိုင်း၊ ကလောမြို့နယ် မြန်မာ့စီးပွားဘဏ်တွင် ယနေ့နံနက် ၉ နာရီက ဘဏ်မန်နေဂျာနှင့် ဝန်ထမ်းများက ကလောမြို့နယ်အတွင်းရှိ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်လစာများ ပုံမှန်ထုတ်ပေးလျက်ရှိကြောင်း သိရသည်။
Subscribe to