သရက်ချောင်းမြို့နယ်၌ ငှက်ဖျားရောဂါကူးစက်ပပျောက်ရေး စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ငှက်ဖျားရောဂါကူးစက်ပပျောက်ရေး စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

မော်လိုက်မြို့၌ မြို့တွင်းသန့်ရှင်းသာယာ လှပစေရေးအတွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မြို့အတွင်းသန့်ရှင်းသာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် (၈) နာရီအချိန်က မြို့မ (၂) ရက် ကွက် နာရီစင်မှစ၍ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မ (၁) ရပ်ကွက်၊ ပညာလမ်းတစ်လျှောက်တို့တွင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အဖွဲ့ဝင်များ ကကြည့်ရှုအားပေးခဲ့ကြသည်။

စစ်ကိုင်းတိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးမြတ်ကျော် သီးနှံများပန်းတိုင်အထွက်နှုန်းရရှိရေး သွင်း အားစုများ ပေးအပ်ခြင်းအခမ်းအနား တက်ရောက်

စစ်ကိုင်းတိုင်းဒေသကြီးအတွင်း သီးနှံများပန်းတိုင်ထွက်နှုန်းရရှိရေး သွင်းအားစုများပေး အပ်ခြင်းအခမ်းအနားကို ဇူလိုင်လ ၂၄ ရက်၊ နံနက်ပိုင်းတွင် မုံရွာခရိုင် စိုက်ပျိုးရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမတွင်ကျင်းပရာ အခမ်းအနားသို့ တိုင်းဒေသကြီးဝန်ကြီးချုပ်ဦးမြတ်ကျော်၊ တိုင်းဒေသကြီးတရားသူကြီးချုပ်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ တိုင်းဒေသကြီး/ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ မုံရွာခရိုင်အတွင်းရှိ ဒေသခံတောင်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဒေးဒရဲမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်ပေးနိုင်ရေး  ညှိနှိုင်းအစည်းအဝေးကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်အတွင်းရှိ ပြည်သူများ၏ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရေးနှင့် မြို့နယ်အတွင်းဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ်ဆောင်ရွက်နိုင်ရန်ရည်ရွယ်၍ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယနေ့နံနက် (၁၀) နာရီခွဲက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနအစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။

မအူပင်မြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ကျောင်း(၂)ကျောင်း ခေတ္တပိတ်ထားရ

 ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တိုးမြစ်ရေဝင်ရောက်မှုကြောင့် ရွှေလှေသောင်ကျေးရွာအုပ်စုနှင့် ကျုံစုတ်ကျေးရွာအုပ်စုရှိ ကျောင်း (၂) ကျောင်း ယနေ့နံနက်ပိုင်းက ခေတ္တပိတ်ထားရသည်။

ပုသိမ်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုအ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

ရွှေဘိုခရိုင်ရုံးဝန်းထမ်းများသည် စာရေးဆရာကြီးဗန်းမော်တင်အောင်၏ အညတြ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ဆရာကြီးဗန်းမော်တင်အောင်၏ လူတန်းစားဘဝခံယူချက်နှင့် ဘဝအသိအမြင်များကို တိကျပြတ်သားစွာရေးဖွဲ့ထားသော အညတြစာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း​ဆောင်ရွက်ခဲ့သည်။

ပန်းတနော်မြို့နယ်တွင် ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသုံးသူပြည်သူများအား ဧည့်မထ ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။

ဓနုဖြူမြို့နယ်တွင် အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့်တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး စစ်ဆေးဆောင်ရွက်

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် စည်ပင်သာယာရေးကော်မတီမှ သဘာဝပတ်ဝန်းကျင် ထိန်းသိမ်းရေးကို အထောက်အကူပြုစေရန် ပြည်သူများ ပလတ်စတစ်အိတ် သုံးစွဲမှုလျော့နည်းစေရေးအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့နှင့် တနင်္ဂနွေနေ့တိုင်း ပလတ်စတစ်အိတ် မသုံးစွဲရနေ့အဖြစ် သတ်မှတ်ထားရှိမှုအား လိုက်နာဆောင်ရွက်မှုရှိစေရေး ကြီးကြပ်စစ်ဆေးခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်စည်ပင်သာယာရေးအဖွဲ့ပိုင်မြို့မဈေးအတွင်း၌ ဆောင်ရွက်ခဲ့သည်။

ဒလမြို့နယ်တွင် ရပ်ကွက်၊ ကျေးရွာစာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး စာအုပ်လှူဒါန်းပွဲကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဒလမြို့နယ်တွင် နိုင်ငံတော်ဝန်ကြီးချုပ်  ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်ဇနီးဒေါ်ကြူကြူလှမိသားစုက မေတ္တာလက်ဆောင်လှူဒါန်းသော လူထုသိပ္ပံကျမ်း အတွဲငါးတွဲစာအုပ်များနှင့်  ရန်ကုန်တိုင်းဒေသကြီးမှ လှူဒါန်းထားသော စာအုပ်၊ စာစောင်များလှူဒါန်းပွဲကို  လူထုအခြေပြုဗဟိုဌာန(Community Centre)ခန်းမ ၌ ယနေ့နံနက် ၁၀ နာရီအချိန်က ကျင်းပပြုလုပ်ခဲ့သည်။
Subscribe to