မော်လိုက်မြို့၌ မြို့တွင်းသန့်ရှင်းသာယာ လှပစေရေးအတွက်စုပေါင်းသန့်ရှင်းရေးဆောင်ရွက်

မော်လိုက် ဇူလှိုင် ၂၄

စစ်ကိုင်းတိုင်းဒေသကြီး၊ မော်လိုက်ခရိုင် မော်လိုက်မြို့၌ မြို့အတွင်းသန့်ရှင်းသာလှပစေရေးအတွက် စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ခြင်းကို ဇူလိုင်လ ၂၃ ရက်နေ့ နံနက် (၈) နာရီအချိန်က မြို့မ (၂) ရက် ကွက် နာရီစင်မှစ၍ ဗိုလ်ချုပ်လမ်းတစ်လျှောက်နှင့် မြို့မ (၁) ရပ်ကွက်၊ ပညာလမ်းတစ်လျှောက်တို့တွင် စုပေါင်း သန့်ရှင်းရေးဆောင်ရွက်ခဲ့ရာ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ၊ ခရိုင်အုပ်ချုပ်ရေးမှူး ဦးအေးလွင်နှင့်အဖွဲ့ဝင်များ ကကြည့်ရှုအားပေးခဲ့ကြသည်။

မော်လိုက်မြို့နယ်တွင် ချင်းတွင်းမြစ်ရေသည် ဇူလှိုင်လ ၆ရက်နေ့မှစ၍ စိုရိမ်ရေအမှတ် ကျော်လွန် ရောက်ရှိခဲ့ပြီး မြို့အတွင်း ရေကြီးရေလျှံမှုများ ဖြစ်ခြင်း၊ လူနေအိမ်များ ရေနစ်မြုပ်မှုများ ဖြစ်ပေါ်ခဲ့ပြီး ဇူလှိုင်လ ၂၁ရက်နေ့မှစ၍ မြစ်ရေများလျော့ကျခဲ့ရာ ရပ်ကွက်နှစ်ရပ်ကွက်နှင့်  ဗိုလ်ချုပ်လမ်း၊ ပညာလမ်းပေါ်တွင် တင်ကျန်ခဲ့သောအမှိုက်များနှင့် ရွှံ့နွံ့များကို မော်လိုက်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ဦးဆောင်မှုဖြင့် ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာဝန်ထမ်းများ၊  ခရိုင်/မြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်စည်ပင်သာ ယာဝန်ထမ်းများခရိုင်မြို့နယ် ရဲတပ်ဖွဲ့ဝင်များနှင့် တပ်ရင်းတပ်ဖွဲ့များမှ တပ်မတော်သားများ စုပေါင်းအင်အားဖြင့် သန့်ရှင်းရေးဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။

ခရိုင် (ပြန်/ဆက်)