မအူပင်မြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုကြောင့် ကျောင်း(၂)ကျောင်း ခေတ္တပိတ်ထားရ

မအူပင် ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်တွင် တိုးမြစ်ရေဝင်ရောက်မှုကြောင့် ရွှေလှေသောင်ကျေးရွာအုပ်စုနှင့် ကျုံစုတ်ကျေးရွာအုပ်စုရှိ ကျောင်း (၂) ကျောင်း ယနေ့နံနက်ပိုင်းက ခေတ္တပိတ်ထားရသည်။

အဆိုပါတိုးမြစ်ရေဝင်ရောက်မှုကြောင့်‌ ရွှေလှေသောင်ကျေးရွာအုပ်စု၊ ရွှေလှေသောင်ကျေးရွာရှိ အမကရွှေလှေသောင်ရွာမကျောင်းအား (၂၄.၇.၂၀၂၄ မှ ၂၆.၇.၂၀၂၄)ထိလည်းကောင်း၊ ကျုံစုတ်ကျေးရွာအုပ်စု၊ ကျုံစုတ်ကျေးရွာရှိ အ.လ.က(ခွဲ)ကျုံစုတ်ကျောင်းအား (၂၄.၇.၂၀၂၄ မှ ၂၆.၇.၂၀၂၄) ထိလည်း‌ကောင်း စုစုပေါင်း (၂) ကျောင်း‌ခေတ္တပိတ်ထားရသည်။ ၎င်းပိတ်ထားရသည့် ကျောင်းပိတ်ရက်များအား အပတ်စဉ် တနင်္ဂနွေနေ့များတွင်ပြန်လည် အစားထိုးသင်ကြားသွားမည်ဖြစ်ပြီး တိုးမြစ်ရေဝင်ရောက်မှုကြောင့် အဆောက်အဦးများ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အောင်မြင့်မြတ် (ပြန်/ဆက်)