သာပေါင်းမြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ငဝန်မြစ်ရေကြီးဝင်ရောက်မှုကြောင့် ယာယီရွှေ့ပြောင်း ပြည်သူများအား ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် ဆန်ရိက္ခာဖိုးများ ထောက်ပံ့
ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်ခရိုင်၊ သာပေါင်းမြို့နယ်တွင် ငဝန်မြစ်ရေကြီးမြင့် ရေဝင်လာရောက်လာမှုကြောင့် ယာယီရွှေ့ပြောင်း နေထိုင်ရာ အမှတ် (၃) ရပ်ကွက်၊ တလုပ်ကုန်းကျေးရွာအုပ်စု၊ ဘုရားကုန်းကျေးရွာအုပ်စု၊ ကမ္ဘဲ့ညောင်ကုန်းကျေးရွာအုပ်စုများရှိ ရေဘေးသင့်ပြည်သူများအား မြို့နယ်သဘာဝဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုအဖွဲ့နှင့် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနတို့က ဇူလိုင်လ ၂၂ ရက်နေ့၊ နံနက် ၁၁ နာရီအချိန်က ဆန်၊ ဆီ၊ ခေါက်ဆွဲခြောက်များနှင့် ဆန်ရိက္ခာဖိုးများ သွားရောက်ထောက်ပံ့ခဲ့ကြသည်။