သရက်ချောင်းမြို့နယ်၌ ငှက်ဖျားရောဂါကူးစက်ပပျောက်ရေး စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကျင်းပ

သရက်ချောင်း ဇူလိုင် ၂၄

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၌ ငှက်ဖျားရောဂါကူးစက်ပပျောက်ရေး စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကို ယနေ့နံနက် ၁၀ နာရီခွဲအချိန်က သရက်ချောင်းမြို့၊ မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။

ရှေးဦးစွာ အခမ်းအနားတွင် သရက်ချောင်းမြို့နယ်၊ စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးမိုးထွေးဦးက နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီမှ ချမှတ်ထားသော ဦးတည်ချက်(၉)ရပ်၌ လူမှုရေးဦးတည်ချက်တွင်ပါဝင်သော တစ်မျိုးသားလုံး သက်ရှည်ကျန်းမာကြံ့ခိုင်ရေးအတွက် ပြည်သူ အားလုံးအကျုံးဝင်မည့် ကျန်းမာရေးကဏ္ဍကို အရှိန်အဟုန်မြှင့်တင်ဆောင်ရွက်လျက်ရှိပါကြောင်း၊ မြို့နယ်အတွင်း ပြည်သူလူထုများ ငှက်ဖျားရောဂါကင်းဝေးစေရန် ကျန်းမာရေးဌာန၊ အခြားလူမှုအဖွဲ့အစည်းများနှင့် ပူးပေါင်း၍ ကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်စေလိုကြောင်း စသည်ဖြင့် အဖွင့်အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ သရက်ချောင်းမြို့နယ်၊ ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦးက ဦးစွာအဆိုပါအခမ်းအနားသို့ တက်ရောက် လာသူများအား ကျေးဇူးတင်စကားပြောကြားခြင်း၊ ငှက်ဖျားရောဂါကူးစက်ပပျောက်ရေး စီမံခန့်ခွဲမှုကော်မတီအစည်းအဝေးကျင်းပရခြင်း ရည်ရွယ်ချက်အား ရှင်းလင်းပြောကြားပြီး ငှက်ဖျားရောဂါကူးစက်ပပျောက်မှုနှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးခဲ့သည်။

ထို့နောက် မြန်မာနိုင်ငံသူနာပြုနှင့် သားဖွားအသင်း (MNMA)စီမံချက်မန်နေဂျာ ဒေါက်တာ မြတ်သူရိန်စိုးမှ တက်ရောက်လာသူများအား ငှက်ဖျားရောဂါကူးစက်ပပျောက်ရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားရာတွင် Background Information၊ Quarter- 1,2,3(Oct-2023 to June-2024)တွင် လုပ်ဆောင်ခဲ့သည့်လုပ်ငန်းများ၊ ၂၀၂၄ခုနှစ်တွင် ဆက်လက်လုပ်ဆောင်မည့်လုပ်ငန်းများ၊ MEMT အဖွဲ့၏ ဆွေးနွေးအကြံပြုလမ်းညွှန်မှုခံယူခြင်းအကြောင်းတို့ကို ရှင်းလင်းဆွေးနွေးခြင်း၊ တက်ရောက်လာသူများမှ ဝိုင်းဝန်းဆွေးနွေးအကြုံပြုခဲ့ပြီး‌နောက် အမှတ်တရ မှတ်တမ်းဓာတ်ပုံများရိုက်ကူးကာ အခမ်းအနားရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ပြည့်ဖြိုးပိုင်(ပြန်/ဆက်)