ပန်းတနော်မြို့နယ်တွင် ဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် စျေးနှုန်းသက်သာစွာ ရောင်းချပေးလျက်ရှိ

ပန်းတနော် ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ပန်းတနော်မြို့နယ်တွင် စားသုံးသူပြည်သူများအား ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် စျေးနှုန်းသက်သာစွာရောင်းချပေးခြင်းကို ယနေ့နံနက် ၁၀ နာရီက အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးရှေ့တွင် ရောင်းချပေးလျက်ရှိသည်။

ပန်းတနော်မြို့နယ်တွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ ကြီးကြပ်မှုဖြင့် မြို့နယ်ဆန်စပါးကုန်သည်များ အသင်း၊ မြို့နယ်ဆန်စက်လုပ်ငန်းရှင်များအသင်းနှင့် ဆန်စပါးစိုက်ပျိုးထုတ်လုပ်သူများအသင်းတို့ပူးပေါင်း၍ မြို့နယ်အတွင်းရှိ စားသုံးသူပြည်သူများအား စျေးနှုန်းသက်သာစွာဖြင့်ဝယ်ယူစားသုံးနိုင်ရေး ဧည့်မထဆန်တစ်ပြည်လျှင် (၃၀၀၀) ကျပ်နှုန်းဖြင့် ရောင်းချပေးလျက်ရှိကြောင်း သိရသည်။

ပြည့်ဖြိုးကျော် (ပြန်/ဆက်)