ပုသိမ်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

ပုသိမ် ဇူလိုင် ၂၄

ဧရာဝတီတိုင်းဒေသကြီး၊ ပုသိမ်မြို့တွင် သဘာဝဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ညနေပိုင်းက မြို့နယ်အထွေထွေအုအ်ချုပ်ရေးဦးစီးဌာန၊ စုပေါင်းရုံး အစည်းအဝေးခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အစည်းအဝေးတွင် ပုသိမ်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးအောင်ကျော်ဦးက သဘာဝဘေးအန္တရာယ်မကျရောက်မီ အသိပညာပေးလုပ်ငန်းများဆောင်ရွက်ရေး၊ သဘာဝဘေး အန္တရာယ်ကျရောက်လာပါက လူနှင့်တိရိစ္ဆာန်များအား ဘေးလွတ်ရာသို့ရွှေ့ပြောင်းနိုင်ရေး၊ ဆေးဝါးပစ္စည်းများ၊ စားရေရိက္ခာများ ကြိုတင်စုဆောင်းထားရှိရေး၊ ကူညီကယ်ဆယ်ရေးလုပ်ငန်းများ အချိန်နှင့်တစ်ပြေး ညီဆောင်ရွက်နိုင်ရေး၊ ရေကြီးရေလျှံမှုဖြစ်ပေါ်နိုင်သည့် ရပ်ကွက်/ကျေးရွာများသို့ကွင်းဆင်း၍ ကြိုတင်ကာကွယ်မှုများဆောင်ရွက်ထားရှိရေးကိစ္စရပ်များနှင့်ပတ်သက်ပြီး ရှင်းလင်းဆွေးနွေးခဲ့သည်။ ထို့နောက် တက်ရောက်လာကြသည့်ကော်မတီဝင်များက သဘာဝဘေးအန္တရာယ်ကြိုတင် ကာကွယ်ရေးလုပ်ငန်းများ ဆောင်ရွက်ထားရှိမှုနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြခဲ့ကြကြောင်း သိရှိရသည်။

ခရိုင် (ပြန်/ဆက်)