ရွှေဘိုခရိုင်ရုံးဝန်းထမ်းများသည် စာရေးဆရာကြီးဗန်းမော်တင်အောင်၏ အညတြ စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်

​ရွှေဘို ဇူလိုင် ၂၄

စစ်ကိုင်းတိုင်း​ဒေသကြီး​ ရွှေဘိုခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများသည် ဆရာကြီးဗန်းမော်တင်အောင်၏ လူတန်းစားဘဝခံယူချက်နှင့် ဘဝအသိအမြင်များကို တိကျပြတ်သားစွာရေးဖွဲ့ထားသော အညတြစာအုပ်ဖြင့် ယနေ့နံနက်ပိုင်းက စာဖတ်ဝိုင်း​ဆောင်ရွက်ခဲ့သည်။

စာဖတ်ဝိုင်းတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ​ဒေါ်​​အေးမြင့်စန်းက စာဖတ်ဝိုင်းပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားပြီး တက်ရောက်လာသူများမှ အည​တြစာအုပ်မှ မှတ်သားဖွယ်ရာစကားစု၊စကားပုံများ၊ ကြက်တော၏ငယ်ရွယ်စဉ်မှစ၍ ဘဝကိုခက်ခဲကြမ်းတမ်းစွာရပ်တည်ခဲ့ရပြီး အသက်ရှင်သန်နိုင်ရေးအတွက် အလုပ်ကိုမဆုတ်မနစ်ကြိုးစား​ဆောင်ရွက်ခဲ့မှုများ၊ အရွယ်ရောက်ချိန်တွင် ကြင်ယာယူချင်၍ ကြိုးစားခဲ့မှုများကို ဟာသနှော၍ ရေးသားထား​​​ပြီး ကြက်တော၏ တစ်ဖတ်သတ်ဆန်စွာစဥ်းစားဆုံးဖြတ်ခဲ့ပုံများနှင့် မိမိအသက်ရှင်သန်ရပ်တည်နိုင်ရေးအတွက် လေယူယာယိမ်းရပ်တည်ခဲ့ရမှုများ၊ ကြက်တောကဲ့သို့ ​တစ်ဖတ်သတ်အတွေးဖြင့် မရပ်တည်ဘဲ စာပေကိုကြိုးစားသင်ယူ၍ ဆုံးဖြတ်ချက်ကို မှန်ကန်စွာစဥ်းစား​တွေးခေါ်ဆုံးဖြတ်နိုင်ရမည့်အကြောင်းများကို ဖတ်ကြားခဲ့ကြပြီး အပြန်အလှန်သုံးသပ်ဆွေးနွေးခဲ့ကြောင်း သိရသည်။

အေးမြင့်စန်း

ခရိုင်(ပြန်/ဆက်)​