လဟယ်မြို့တွင် လူသုံးကုန်၊ ယိုဖျော်ရည်နှင့် Bakery အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာသင်တန်းဆင်းပွဲ ကျင်းပ

လဟယ်  ဇူလိုင် ၂၈

စစ်ကိုင်းတိုင်းဒေသကြီး၊ နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လဟယ်မြို့တွင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာနမှ ဖွင့်လှစ်သော လူသုံးကုန်၊ ယိုဖျော်ရည်နှင့် Bakery အသက်မွေးဝမ်းကြောင်းဆိုင်ရာ နည်းပညာသင်တန်းဆင်းပွဲကို ယမန်‌နေ့ ညနေပိုင်း (၁၅) နာရီ အချိန် လဟယ်မြို့ အမျိုးသမီးအိမ်တွင်းမှုသင်တန်းကျောင်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့ပါသည်။

ဦးစွာ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးထွန်းဝင်းက သင်တန်းဆင်းအမှာစကား ပြောကြားပါသည်။ ထို့နောက် လူသုံးကုန်ထုတ်လုပ်မှု နည်းပညာသင်းတန်းဆင်းလက်မှတ်များနှင့် သင်တန်းမှရရှိသည့် ထုတ်ကုန်ပစ္စည်းများအား သင်တန်းသူများထံ ပေးအပ်ချီးမြှင့်ပါသည်။

ထို့နောက် သင်တန်းသူများကိုယ်စား သင်တန်းသူတစ်‌ဦးမှ ကျေးဇူးတင်စကားပြောကြားပြီး စုပေါင်းမှတ်တမ်း ဓါတ်ပုံရိုက်ကူးပါသည်။ ၎င်းနောက် သင်တန်းသူများကိုယ်တိုင် ထုတ်လုပ်ခင်းကျင်းပြသထားသော လူသုံးကုန်ပစ္စည်းများ၊ Bakery အသက်မွေး၀မ်းကျောင်းဆိုင်ရာ ထုတ်လုပ်ထားရှိမှုကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြောင်း သိရသည်။

အဆိုပါ သင်တန်းဆင်းပွဲသို့ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌဦးထွန်းထွန်းဝင်း၊ နာဂဒေသစီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးလင်းကိုကိုနှင့်အဖွဲ့ဝင်များ၊ လဟယ်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဉက္ကဋ္ဌ ဦးဇာနည်ဝင်းနှင့်အဖွဲ့ဝင်များ၊‌ အသေးစားစက်မှု၊ လက်မှုလုပ်ငန်းဦးစီးဌာနဒေသတာဝန်ခံ ဦးစိုင်းညီညီထွန်းနှင့်ရုံး၀န်ထမ်းများ၊ ဒေသ/မြို့နယ်အဆင့်ဌာနဆိုင်ရာများနှင့် သင်တန်းသား/သူများတက်ရောက်ကြောင်း သိရပါသည်။

မြို့နယ်(ပြန်/ဆက်)