ဓနုဖြူမြို့နယ်တွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် သစ်ပင်ပြိုလဲမှုဖြစ်ပွား

ဓနုဖြူ ဇူလိုင် ၂၈

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ဓနုဖြူမြို့နယ် အမှတ်(၁၇)ရပ်ကွက်၊ ကြိမ်ပင်ဆယ်- စက္ကော့- ဓနုဖြူ ကားလမ်း မိုင်တိုင်အမှတ် (၁၈/၄)ဘေးရှိ လုံးပတ်(၆)ပေ၊ အမြင့် (၂၅)ပေရှိ ကုက္ကိုပင်မှာ မိုးရေများကြောင့် ယမန်နေ့ နံနက် ၁၁ နာရီအချိန်က မြေသားအိ၍ လဲကျမှုဖြစ်ပွားခဲ့ကြောင်း သိရသည်။

အဆိုပါ သစ်ပင်လဲကျမှုဖြစ်ပွားရာသို့ မီးသတ်ဦးစီးဌာန၊ မြို့နယ်မီးသတ်ဦးစီးမှု ဦးနောင်နောင်နှင့် သန္ဓေအရံမီးသတ်တပ်ဖွဲ့ဝင်များ၊ မြို့နယ်ရဲတပ်ဖွဲ့ဝင်များ၊ တာဝန်ရှိသူများက အများပြည်သူသွားလာရာလမ်းမအား အစဥ်ပြေချောမွေ့စွာသွားလာနိုင်ရေးအတွက် ခုတ်ထွင်ရှင်းလင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ခဲ့ပြီး၊ အဆိုပါသစ်ပင်ပြိုလဲမှုကြောင့် လူနှင့်တရိစ္ဆာန်များ ထိခိုက်ပျက်စီးမှုမရှိကြောင်း သိရသည်။

အောင်ပြည့်ဖြိုးဇော်(ပြန်/ဆက်)