လှိုင်မြစ်ရေမြင့်တက်ခြင်းကြောင့် အဖျောက်-ဥတို-တိုက်ကြီး ကားလမ်းရေကျော်ပြီး ကားလမ်းဘေးမြေသားပြိုကျ၍ သဲအိတ်များဖြင့် ကာရံ

ရန်ကုန်တိုင်းဒေသကြီး တိုက်ကြီးခရိုင် တိုက်ကြီးမြို့နယ်တွင် လှိုင်မြစ်ရေမြင့်တက်လာခြင်းကြောင့် အဖျောက်-ဉတို-တိုက်ကြီးကားလမ်းမှာ ရေကျော်ပြီး ရေတိုက်စားခြင်းကြောင့် ကားလမ်းဘေးမြေသားများ ပြိုကျခဲ့သဖြင့် သဲအိတ်များဖြင့် ကာရံခြင်းလုပ်ငန်းကို ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများက ဆောင်ရွက်‌ပေးခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်တွင် ပြင်းထန်ဝမ်းပျက်ဝမ်းလျှောရောဂါ ကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ဝမ်းပျက်ဝမ်းလျှောရောဂါဖြစ်ပွားသည့်‌ လူနာနေအိမ်များနှင့် ပတ်ဝန်ကျင်များ၊ ဈေးများအား ရောဂါကာကွယ်ထိန်းချုပ်ရေးလုပ်ငန်းများအား ကွင်းဆင်းဆောင်ရွက်လျှက်ရှိကြောင်း သိရသည်။

ညောင်ဦးမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ စာအုပ်လှူဒါန်းပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး ညောင်ဦးခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာန၌ ယနေ့ နံနက် ၉ နာရီအချိန်က ညောင်ဦးမြို့နယ်အတွင်းရှိ စံညီစာကြည့်တိုက်များအား စာအုပ်များ ပေးအပ်လှူဒါန်းပွဲ အခမ်းအနား ကျင်းပခဲ့ကြောင်း သိရသည်။

ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်ရှိ ရေဘေးသင့်ပြည်သူများအား ကျန်းမာရေးပြုစုစောင့်ရှောက်မှုများနှင့်အတူ လိုအပ်ချက်များ ဆောင်ရွက်

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်(တောင်ပိုင်း)မြို့နယ်အတွင်း ဖွင့်လှစ်ထားသည့် ရေဘေးရှောင်ကူညီကယ်ဆယ်ရေးစခန်းများ၌ ယာယီ‌ရွှေ့ပြောင်းနေထိုင်ကြသည့်‌ ရေဘေးရှောင်ပြည်သူများအား ဇူလိုင်လ ၁၀ ရက်က စတင်ပြီး ကျန်းမာရေးပြုစုစောင့်ရှောက်မှုလုပ်ငန်းများ အရှိန်အဟုန်မပြတ် ကွင်းဆင်းဆောင်ရွက်ပေးကြသည်။

တနင်္သာရီမြို့နယ်အတွင်း မြစ်ရေလျှံမှုများ ဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း (၂၀) ယာယီပိတ်ထားရ

တနင်္သာရီတိုင်းဒေသကြီး တနင်္သာရီမြို့၌ ဇူလိုင်လ ပထမပတ်မှစ၍ မိုးသည်းထန်စွာ အဆက်မပြတ် ရွာသွန်းနေမှုကြောင့် တနင်္သာရီမြစ်ရေသည် တဖြည်းဖြည်းမြင့်တက်လျက်ရှိရာ တနင်္သာရီမြို့နယ်အတွင်း မြစ်ရေဝင်ရောက်မှုများ ဖြစ်ပေါ်နေသဖြင့် အခြေခံပညာကျောင်း (၂၀) ကို ယာယီပိတ်ထားရသည်။

အင်းစိန်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများသို့ ရွေ့လျားစာကြည့်တိုက်မော်တော်ယာဉ်ဖြင့် သွားရောက်၍ စာအုပ်စာစောင်များငှားရမ်းပေး

ရန်ကုန်တိုင်းဒေသကြီး၊ အင်းစိန်ခရိုင်၊ အင်းစိန်မြို့နယ်၌ ပြည်သူများ၊ ဝန်ထမ်းများများနှင့် ကျောင်းသား၊ ကျောင်းသူများ စာပေမှရရှိသည့် ဗဟုသုတများစွာရရှိစေရန်နှင့် စာပေကိုလက်ဝယ်အရောက် ဖတ်ရှုနိုင်စေရန်ရည်ရွယ်၍ ရွေ့လျားစာကြည့်တိုက် မော်တော်ယာဉ်ဖြင့် စာအုပ်များ ငှားရမ်းပေးခြင်းကို ယနေ့နံနက် (၁၀) နာရီအချိန်က အင်းစိန်မြို့နယ်၊ အမှတ် (၁) အခြေခံပညာအထက်တန်းကျောင်း၊ အမှတ် (၅) အခြေခံပညာအထက်တန်းကျောင်းနှင့် အမှတ် (၅) အခြေခံပညာ မူလတန်းကျောင်းများသို့သွားရောက်၍ စာအုပ်၊ စာစောင်များ ငှားရမ်းပေးခဲ့ကြောင်း သိရသည်။

ပေါင်မြို့နယ်၌ ရေဘေးရှောင်ပြည်သူများနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သူများအား ထောက်ပံ့ပေးအပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ရေဘေးရှောင်ပြည်သူများနှင့် လေပြင်းတိုက်ခတ်မှုကြောင့် အမိုးလန်ပျက်စီးခဲ့သူများအား ထောက်ပံ့ပေးအပ်ပွဲကို ယမန်နေ့ ညနေ့ ၄ နာရီခွဲအချိန်က အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။

တနင်္သာရီမြို့နယ် ကြက်ခြေနီအသင်းမှ ရေဘေးသင့်အိမ်ထောင်စုများအား တစ်ကိုယ်ရည်သုံး ပစ္စည်းပုံးနှင့် သောက်ရေသန့်ဘူးများ လိုက်လံထောက်ပံ့ပေးခြင်း

တနင်္သာရီတိုင်းဒေသကြီး မြိတ်ခရိုင် တနင်္သာရီမြို့နယ်ကြက်ခြေနီအသင်းဥက္ကဋ္ဌ ဦးဇော်အောင် ဦးဆောင်သည့် မြို့နယ်ကြက်ခြေနီတက်ဖွဲ့ဝင် အမျိုးသား(၉)ဦးနှင့် အမျိုးသမီး(၂)ဦး၊ စုစုပေါင်း(၁၁)ဦးတို့အဖွဲသည် တနင်္သာရီမြစ်ရေကြီးမှုဖြစ်စဉ်ကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများသို့ ယာယီပြောင်းရွှေ့နေထိုင်နေကြသည့် အိမ်ထောင်စုများအတွက် ယမန်နေ့က ဝမ်းရောဂါမှ ကြိုတင်ကာကွယ်နိုင်ရန်နှင့် အထောက်အကူဖြစ်စေရန်အတွက် တစ်ကိုယ်ရည်သုံးပစ္စည်းပုံး တစ်ပုံးစီနှင့် (၂၀)လီတာဝင် သောက်ရေသန့်ဘူး တစ်ဘူးစီတို့ကို လက်ဝယ်အရောက် လိုက်လံထောက်ပံ့ပေးအပ်ကြကြောင်း သိရသည်။

မင်းလှမြို့နယ် ရေဘေးသင့်ပြည်သူများအား ထောက်ပံ့ငွေများပေးအပ်

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ မင်းလှမြို့နယ် ဘေးအန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုဦးစီးဌာနမှ ဧရာဝတီမြစ်ရေတတ်ပြီး မြစ်လက်တတ်ဖြစ်သည့် မြစ်မခမြစ်အတွင်းသို့ မြစ်ရေဝင်ရောက်မှုနှင့် မိုးအဆက်မပြတ်ရွာသွန်းမှုကြောင့် ရေဘေးသင့်ခံရသည်အိမ်‌ထောင်စုဝင်များ လက်ဝယ်အရောက်ထောက်ပံ့ငွေများ ပေးအပ်ခြင်းကို ယနေ့နံနက် ၁၁ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၌ ပေးအပ်ခဲ့သည်။

ဒဂုံတက္ကသိုလ် ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်း (၁/၂၀၂၄) သင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြိုသစ်ခရိုင်၊ ဒဂုံမြို့သစ် (အရှေ့ပိုင်း) မြို့နယ်ဒဂုံတက္ကသိုလ်၊ ကြက်ခြေနီအသင်းခွဲမှ ကြီးမှူးကျင်းပသော ရှေးဦးပြုစုခြင်း (အခြေခံ) သင်တန်းဆင်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဥပဒေဌာနတွင် ကျင်းပခဲ့သည်။
Subscribe to