ပခုက္ကူ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူမြို့နယ်တွင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ယနေ့နံနက် ၆ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာအောက် ၃၄ စင်တီမီတာရှိသော်လည်း တစ်ရက်အတွင်း ၂ စင်တီမီတာခန့် ပြောင်းလဲမြင့်တက်လာကြောင်း သိရသည်။
ပခုက္ကူခရိုင် မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာန၏ ဇူလိုင်လ ၃၀ ရက်နံနက် ၆ နာရီခွဲအချိန် ဧရာဝတီမြစ်ရေတိုင်းထွာချက်အရ ၂၀၁၆ စင်တီမီတာရှိပြီး ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ် ၂၁၅၀ စင်တီမီတာအောက်ရောက်ရှိသော်လည်း ဇူလိုင်လ ၂၉ ရက်နံနက် ၆ နာရီ တိုင်းထွာချက်အရ ၂၀၁၄ စင်တီမီတာပေရှိသောကြောင့် ယမန်နေ့မှယနေ့နံနက်ပိုင်းအထိ တစ်ရက်အတွင်း ၂ စင်တီမီတာ ခန့် ပြောင်းလဲမြင့်တက်လာကြောင်း၊ ဧရာဝတီမြစ်ရေသည် ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်အောက်သို့ ဇူလိုင်လ ၂၄ ရက်နံနက် ၆ နာရီခွဲမှ စတင်ကာ တဖြည်းဖြည်း ကျဆင်းခဲ့ခြင်းဖြစ်ပြီး ဩဂုတ်လအတွင်း ပခုက္ကူမြို့၏ စိုးရိမ်ရေမှတ်အထက်သို့ (၁)ကြိမ်ခန့်ကျော် မြင့်တက်လာနိုင်ကြောင်း၊ မြစ်ကမ်းဘေးနေပြည်သူများအနေဖြင့် ရေဘေးအန္တရာယ်နှင့်ပတ်သက်၍ အသိ၊ သတိရှိစေရေးအတွက် ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနနှင့် ပူးပေါင်းကာ ဧရာဝတီမြစ်ရေကြီးမှုနှင့် ရေကျမှုအခြေအနေတို့အား နေ့စဉ်သတင်းထုတ်ပြန်ပေးလျက်ရှိကြောင်း ခရိုင်မိုးလေဝသနှင့်ဇလဗေဒညွှန်ကြားမှုဦးစီးဌာနက သိရသည်။
ဘာမီသာ(ပခုက္ကူ)