ပခုက္ကူ ဇူလိုင် ၃၀
မကွေးတိုင်းဒေသကြီး၊ ပခုက္ကူကုန်သည်ပွဲစားများအသင်း၌ ယမန်နေ့မွန်းလွဲ ၁ နာရီအချိန်ကစတင်ပြီး ဆန်တစ်ပြည်လျှင် ၃၀၀၀ ကျပ်နှုန်းဖြင့် ဆက်လက်ရောင်းချပေးလျက်ရှိသည်။
ပခုက္ကူမြို့၊ ဆန်လုပ်ငန်းရှင်များအသင်း၏ ဦးဆောင်မှုဖြင့် မြို့နယ်အတွင်းရှိ ပြည်သူများ အခြေခံစားသောက်ကုန်ဖြစ်သည့် ဆန်ကို ဈေးနှုန်းချိုသာစွာ ဝယ်ယူစားသုံးနိုင်စေရေး ရည်ရွယ်၍ ဇူလိုင်လ ၂၉ ရက် မွန်းလွဲ ၁ နာရီမှ ညနေ ၄ နာရီအထိ ဆန်တစ်ပြည်လျှင် ၃၀၀၀ကျပ်နှုန်းဖြင့် အိမ်ထောင်စုတစ်စုကို ငါးပြည်နှုန်းစီရောင်းချပေးရာ လာရောက်ဝယ်ယူသည့် အိမ်ထောင်စုပေါင်း ၃၀၇ စုရှိကြောင်း၊ ဇူလိုင်လ ၈ ရက်တွင် အိမ်ထောင်စု ၁၅၀ စုနှင့် ဇူလိုင်လ ၂၂ ရက်တွင် အိမ်ထောင်စု ၂၀၀ စုကျော်တို့ထံ ဆန်တစ်ပြည်လျှင် ငွေကျပ် ၃၀၀၀ နှုန်းဖြင့် ရောင်းချပေးနိုင်ခဲ့ကြောင်း ခရိုင်စားသုံးသူရေးရာဦးစီးဌာနမှ သိရသည်။
ဘာမီသာ(ပခုက္ကူ)