ပဲခူး ဇူလိုင် ၃၀
ပဲခူးမြို့နယ်၌ မိုးရွာသွန်းမှုနှင့် မြစ်ရေမြင့်တက်မှုများကြောင့် မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်း (၅၀) ကျောင်းကို ယနေ့မှစတင်၍ ယာယီပိတ်ထားရကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
မြစ်ရေတက်မှုကြောင့် အ.ထ.က(၄)၊ အ.ထ.က(ခွဲ)၅၊ အ.လ.က(ခွဲ)(ရွာသစ်)၊ အ.လ.က(ခွဲ)(အဝိုင်း)၊ အ.လ.က(ခွဲ)(ကင်းချောင်း)၊ အ.လ.က(ခွဲ)(ဖောင်တော်ဦး)၊ အ.လ.က(ခွဲ)(မဲခုန်)၊ မူလွန်(ကျွဲဒညင်းကုန်း)၊ မူလွန်(ဇိုင်းဂနိုင်းကြီး)မူလွန် (ထားဝယ်အင်း)၊ မူလွန်(ရွှေလှေကလေး)၊ မူလွန်(အုတ်ဖိုကျုံးရိုး)၊ မူလွန်(ကျောက်ကြီးစု)၊ မူလွန်(လက်ပံခုန်)၊ မူလွန်(ရွှေလှေ)(ရွာမ)၊ မူလွန်(ကျုံပကန်)၊ မူလွန်(မဇင်း-ခ)၊ မူလွန်(ဥဿာ-၆)၊မူလွန်-မြို့ဦးကင်း၊ အ.လ.ကကျိုက်ဒေးယုံ၊ အ.လ.က(ခွဲ)ဥဿာ(၃)၊ အ.လ.က(ခွဲ)သူဌေးကုန်း၊ မူလွန်-ရွှေဘော်ကုန်း၊ လင်းရောင်သစ်(ကပက)၊ အ.ထ.က(ခွဲ)ပန်းလှိုင်၊ အ.ထ.က-ထန်းတောကြီး၊ အ.ထ.က-၁၊ အ.ထ.က-၃၊ မူလွန်သရက်သုံးပင်၊ အ.လ.က(ခွဲ)လိပ်ပြာကန်၊ မူလွန်-ဈေးပိုင်း၊ မူလွန်-မလွှကုန်း၊ မူလွန်-မြို့သစ်(ဂ)၊ အ.လ.က(ခွဲ)တပ်ကလေး၊ မူလွန်အလယ်ကုန်း၊ အ.လ.က(ခွဲ)ရွှေတန်၊ ပညာတံခွန်(ကပက)၊ အ.လ.က(ခွဲ)ဇိုင်းတောင်၊ မူလွန်-အထက်စီတီး(ရှေ့)၊ မူလွန်အထက်စီတီး(နောက်)၊ အ.လ.က(ခွဲ)အောက်စီတီး(ရှေ့)၊ အ.လ.က(ခွဲ)အောက်စီတီး(နောက်)၊ အ.လ.က(ခွဲ)ကွေ့တန်းရှည်၊ မူလွန်-မုန်တိုင်းရပ်၊ မူလွန်-မြို့လေး၊ မူလွန်-ဈေးညောင်ပင်လေး၊ မူလွန်-ကျိုက်ကေ၊ အ.လ.က(ခွဲ)ကွမ်ပေါင်ကျောင်းတို့၏ ကျောင်းဝင်းအတွင်းနှင့် စာသင်ခန်းများအတွင်း ရေဝင်ရောက်မှုများ ဖြစ်ပေါ်ခြင်းကြောင့် ယာယီပိတ်ထားခြင်းဖြစ်ကြောင်းလည်း သိရသည်။
အခြေခံပညာကျောင်းများတွင် ပညာသင်ကြားနေကြသော ကျောင်းသား၊ ကျောင်းသူ ကလေးငယ်များ ဘေးအန္တရာယ်မဖြစ်စေရေးအတွက် ရေဝင်ရောက်နေသော အဆိုပါကျောင်းများကို ရေပြန်လည်ကျဆင်းသည့်အထိ ယာယီပိတ်ထားပေးခြင်းဖြစ်ပြီး ကျောင်းပိတ်ရက်များကို ရေကျပြီးနောက် စနေနေ့များတွင် အစားထိုး၍ ပြန်လည်သင်ကြားပေးသွားမည်ဖြစ်ကြောင်း မြို့နယ်ပညာရေးမှူးရုံးမှ သိရသည်။
သက်ဖြိုးကြိုင် (ပြန်/ဆက်)