မိုင်းနောင် ဩဂုတ် ၁
ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းနောင်မြို့ အခြေခံပညာအထက်တန်းကျောင်းတွင် ပန်းခင်းစီမံချက်အဆင့် (၃) နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပေးအပ်ခြင်းအခမ်းအနားကို ယနေ့ နံနက် (၉) နာရီအချိန်က ပြုလုပ်ခဲ့ကြောင်း သိရှိရသည်။
ရှေးဦးစွာ လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန၊ ကျေးသီးမြို့နယ်ဦးစီးမှူး လက်ထောက်ညွှန်ကြားရေးမှူး ဦး၀င်းဖေက လူမှုဘ၀ပြည့်စုံဖို့ နိုင်ငံသားကတ်ကို ကိုင်ကြစို့ ဆောင်ပုဒ်နှင့်အညီ မြေပြင်အရောက် ကွင်းဆင်း၍ နိုင်ငံသားစိစစ်ရေးကတ်ပြား မပြုလုပ်ရသေးသော အသက် (၁၀) နှစ်ပြည့်ပြီးသူ ကျောင်းသား၊ ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ပြုလုပ်ပေးအပ်ရခြင်းအကြောင်းများကို ရှင်းလင်းကာ အခမ်းအနားတက်ရောက်လာကြသူများက နိုင်ငံသားစိစစ်ရေးကတ်ပြား (၁၂၀) ကတ်အား အသီးသီးပေးအပ်ခဲ့ကြောင်း သိရှိရသည်။
အဆိုပါအခမ်းအနားသို့ မိုင်းနောင်တပ်နယ်မှူး ဗိုလ်မှူးကြီးဇော်ဇော်ထွန်း၊ ကျေးသီးမြို့နယ်အုပ်ချုပ်ရေးမှူး ဦးထူးထက်နှင့် မြို့နယ်နှင့် မြို့အဆင့်လူ၀င်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား၀န်ကြီးဌာနမှ တာ၀န်ရှိသူများ၊ ဌာနဆိုင်ရာများ တက်ရောက်ခဲ့ကြောင်း သိရှိရသည်။
မနန်း(မိုင်းနောင်)