ကျွန်းစုမြို့တွင် အသက်မွေးဝမ်းကျောင်းအထောက်အကူပြုပညာ တစ်လုံးထိုးဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းဆင်းပွဲ ကျင်းပ

တနင်္သာရီတိုင်းဒေသကြီး၊ ကျွန်းစုမြို့တွင် ၂၀၂၄-၂၀၂၅ ဘဏ္ဍာရေးနှစ်၊ မြို့နယ်ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနက ကြီးမှူး‌ဖွင့်လှစ်သော အသက်မွေးဝမ်းကျောင်းအထောက်အကူပညာ တစ်လုံးထိုးဒီဇယ်အင်ဂျင်စက်ပြင်သင်တန်းဆင်းပွဲကို ယမန်နေ့ညနေ ၃ နာရီခွဲအချိန်က ကမ်းကြီးကျေးရွာအုပ်စု၊ ကမ်းကြီးကျေးရွာ၌ ကျင်းပခဲ့ကြောင်း သိရသည်။

လိပ်သိုမြို့ အခြေခံပညာအထက်တန်းကျောင်း၌ စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ်စာစောင်ပြသ

ကရင်ပြည်နယ်၊ သံတောင်ကြီးမြို့နယ်၊ လိပ်သိုမြို့တွင် စာကြည့်တိုက်များ ရှင်သန်ဖွံ့ဖြိုးတိုးတက်ရေးနှင့် စာဖတ်ရှိန်မြှင့်တင်ရေး၊ စာဖတ်သည့်အလေ့အကျင့်ကောင်းများ ရရှိစေရန်အတွက် လိပ်သိုမြို့ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် အသိပညာပေးလုပ် ငန်းများကို စဉ်ဆက်မပြတ်ဆောင်ရွက်လျက်ရှိရာ ယနေ့နံနက် ၁၀ နာရီက စာဖတ်ရှိန်မြှင့်တင်ရေး အသိပညာပေးဟောပြောပွဲနှင့် နံရံကပ် စာစောင်ပြသခြင်းကို အခြေခံပညာ အထက်တန်းကျောင်း၌ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ထန်းတပင်မြို့နယ်၌ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေး

ပဲခူးတိုင်းဒေသကြီး၊ တောင်ငူခရိုင်၊ ထန်းတပင်မြို့နယ် ပြည်သူ့ကျန်းမာရေးနှင့်ကုသရေးဦးစီးဌာန၏အစီအစဥ်ဖြင့် မြို့နယ်အတွင်းရှိ သွေးတိုး၊ ဆီးချို၊ နှလုံးသွေးကြောကျဥ်းရောဂါဝေဒနာရှင်များအတွက် အပတ်စဥ် ဗုဒ္ဓဟူးနေ့ရက် နံနက် ၉ နာရီအချိန်မှစ၍ မြို့နယ်ပြည်သူ့ဆေးရုံ၊ မိခင်နှင့်ကလေးကျန်းမာရေးဌာန၌ ကျန်းမာရေးစောင့်ရှောက်မှုများ ဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။

ပိုင်ကျုံမြို့တွင် ရေကြီးနိမ့်မြုမှုကြောင့် ပျက်စီးသည့် နောင်ဘိုတိုက်ကျောင်း-ကော့ထရောင်း ကျေးရွာချင်းဆက်လမ်းအား ဒေသခံပြည်သူများ စုပေါင်းပြင်ဆင်

ကရင်ပြည်နယ်၊ ဘားအံခရိုင်၊ ပိုင်ကျုံမြို့တွင် မိုးသည်းထန်စွာရွာသွန်းပြီး ရေကြီးနိမ့်မြုပ်မှုကြောင့် ပျက်စီးသည့် နောင်ခွီးကျေးရွာအုပ်စုအတွင်းရှိ နောင်ဘိုတိုက်ကျောင်းနှင့်ကော့ထရောင်းကျေးရွာ ဆက်သွယ်ထားသည့် ကျောက်ချောမြေသားလမ်းအား ဇူလိုင်လ ၂၉ ရက်နေ့က ဒေသခံပြည်သူများ စုပေါင်းကာ ပြန်လည်ပြင်ဆင်ဆောင်ရွက်ခဲ့ကြောင်း  သိရသည်။

တံတားဦးမြို့နယ်တွင် မွေးစအရွယ်မှ အသက်တစ်နှစ်ခွဲထိ ကလေးငယ်(၆၁)ဦးနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်း(၁၈)ဦးတို့အား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးထိုးနှံပေး

မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မွေးစအရွယ်မှအသက်(၁)နှစ်ခွဲအထိ ကလေးငယ်(၆၁)ဦအား (၅)မျိုးစပ် ပုံမှန်ကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်း(၁၈)ဦးတို့အား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ သံဃာ့ဆေးကုသဆောင်၌ ကျင်းပခဲ့ကြောင်းသိရသည်။

ကရင်ပြည်နယ်ဝန်ကြီးချုပ်ဦး စောမြင့်ဦး ဘားအံမြို့ပေါ် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား စားသောက်ကုန်နှင့်ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့

ကရင်ပြည်နယ်အတွင်း ရေကြီးရေလျှံမှုဖြစ်စဉ်များကြောင့် ယာယီရေဘေးကယ်ဆယ်ရေးစခန်းများ ဖွင့်လှစ်၍ ရေဘေးသင့်ပြည်သူများအား ပြောင်းရွှေ့နေရာချထားပေးခဲ့ရရာ ပြည်နယ်ဝန်ကြီးချုပ် ဦးစောမြင့်ဦးနှင့်တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက ဘားအံမြို့ပေါ် ကယ်ဆယ်ရေးစခန်းများရှိ ရေဘေးသင့်ပြည်သူများအား ဆန်၊ ဆီ အစရှိသော စားသောက်ကုန်များနှင့် ဆန်ရိက္ခာဖိုးငွေများ ထောက်ပံ့ပေးအပ်ခဲ့သည်။

သရက်ချောင်းမြို့နယ်၌ ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေး

တနင်္သာရီတိုင်းဒေသကြီး၊ ထားဝယ်ခရိုင်၊ သရက်ချောင်းမြို့နယ်၊ အ.ထ.က သရက်ချောင်းကျောင်း (ပညာရတနာခန်းမ)၌ ဆရာ/ဆရာမများနှင့် မိသားစုဝင်များအား မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာဝင်းဇော်ဦး ဦးဆောင်၍ ကျန်းမာရေးဝန်ထမ်းများက ယမန်နေ့နံနက် ၈နာရီခွဲအချိန်က ကိုဗစ်-၁၉ ရောဂါကာကွယ်ဆေး (Pfizer) ထပ်ဆောင်းထိုးနှံပေးခဲ့သည်။

ပေါင်မြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးပြုလုပ်

မွန်ပြည်နယ်၊ ပေါင်မြို့နယ်၌ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့မှ အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး၊ ဝါရီရူခန်းမ၌ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့ နံနက် (၁၀)နာရီအချိန်က ပြုလုပ်ခဲ့သည်။

မိတ္ထီလာပညာရေးဒီဂရီကောလိပ်၌ ပညာရေးဖွံ့ဖြိုးမှုဘာသာရပ်များစွမ်းရည်ပြိုင်ပွဲ ကျင်းပ

မန္တလေးတိုင်းဒေသကြီး မိတ္ထီလာပညာရေးဒီဂရီကောလိပ်လုပ်ငန်းခွင်အကြို မူလတန်းဆရာအတတ်ပညာသင်တန်းအမှတ်စဉ်(၁၁/၂၄)၏ ပညာရေးဖွံ့ဖြိုးမှုဘာသာရပ်များ စွမ်းရည်ပြိုင်ပွဲကို ယမန်နေ့မွန်းလွဲ၂နာရီအချိန်က အဆိုပါပညာရေးဒီဂရီကောလိပ် ပညာပါရမီခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ရတနာပုံတက္ကသိုလ်၌ ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေအကြောင်း သိကောင်းစရာများ (ပထမအကြိမ်) ပို့ချချက် ဖွင့်ပွဲအခမ်းအနားကျင်းပ

ပညာရေးဝန်ကြီးဌာန၊ အဆင့်မြင့်ပညာဦးစီးဌာန၊အမရပူရမြို့နယ်ရှိ ရတနာပုံတက္ကသိုလ်တွင် ဖွဲ့စည်းပုံအခြေခံဥပဒေနှင့် ရွေးကောက်ပွဲဥပဒေအကြောင်း သိကောင်းစရာများ (ပထမအကြိမ်) ပို့ချချက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့နံနက် ၉ နာရီက အဆိုပါတက္ကသိုလ်ရှိ ပြည်ထောင်စုခန်းမ၌ ကျင်းပပြုလုပ်ရာ ပါမောက္ခချုပ် ဒေါက်တာတင့်မိုးသူဇာ၊ ဒုတိယပါမောက္ခချုပ်များဖြစ်ကြသည့် ဒေါက်တာသွယ်လင်းကို၊ ဒေါက်တာဦးခင်မြို့၊ ဒေါက်တာခင်မော်မော်စိုး၊ ဒေါက်တာ ဦးဝင်းနိုင်၊ ဘာသာရပ်အသီးသီးမှ ပါမောက္ခ(ဌာနမှူး)များ၊ ပါမောက္ခများ၊ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ စီမံရေးရာဌာနများမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။
Subscribe to