တံတားဦး ဩဂုတ် ၁
မန္တလေးတိုင်းဒေသကြီး တံတားဦးခရိုင် တံတားဦးမြို့နယ်တွင် မွေးစအရွယ်မှအသက်(၁)နှစ်ခွဲအထိ ကလေးငယ်(၆၁)ဦအား (၅)မျိုးစပ် ပုံမှန်ကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင်လောင်း(၁၈)ဦးတို့အား ပုံမှန်ကာကွယ်ဆေးတိုက်ကျွေးခြင်းကို ယနေ့နံနက်(၁၀)နာရီက တံတားဦးမြို့ သံဃာ့ဆေးကုသဆောင်၌ ကျင်းပခဲ့ကြောင်းသိရသည်။
ထိုသို့ကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးရာတွင်မွေးကင်းစအရွယ်မှ မွေးစရွယ်မှအသက်(၁)နှစ်ခွဲအထိ ကလေးငယ်(၆၁)ဦးကို BCG (၅)မျိုးစပ်ကာကွယ်ဆေး၊ PVCပိုလီယို ဂျပန်ဦးနှောက်ရောင် ကာကွယ်ဆေး၊ ဂျိုက်သိုးရောဂါကာကွယ်ဆေးနှင့် ကိုယ်ဝန်ဆောင်မိခင် လောင်း(၁၈)ဦးကိူ မေးခိုင်ရောဂါကာကွယ်ဆေးများ တိုက်ကျွေးထိုးနှံပေးခဲ့ကြောင်း သိရသည်။
ထို့အပြင် ကာကွံယ်ဆေးထိုးနှံရန် လာရောက်ကြသည့် ကလေးငယ်များ၏ မိဘများနှင့် ကိုယ်ဝန်ဆောင် မိခင်လောင်းများအား ကာကွယ် ဆေးထိုးနှံပေးခြင်းနှင့်စပ်လျဉ်း၍ ကာကွယ်ပေးနိုင်သည့် ရောဂါများအကြောင်းနှင့် အကျိုးကျေးဇူးများအကြောင်းတို့ကို ကျန်းမာရေးဦးစီးဌာနမှ ဝန်တာရှိသူတစ်ဦးက အသိပညာပေးဟောပြောမှုများဆောင်ရွက်ပေးခဲ့ကြောင်း တံတားဦးမြို့ပေါ်ရပ်ကွက် အမှတ်(၁ ၊ ၂ ၊ ၃) တို့မှ မွေးစရွယ်မှအသက်(၁)ခွဲအောက်ကလေးငယ်များနှင့်၊ ကိုယ်ဝန်ဆောင်မိခင်လောင်းများကို ပုံမှန် ကာကွယ်ဆေးများတိုက်ကျွေးခြင်း၊ ထိုးပေးခြင် လစဉ်(၁)ရက်နေ့မှ စတင်ဆောင်ရွက်ပေးခဲ့ကြောင်းနှင့်အတူ ကျေးရွာများရှိ ကျန်းမာရေးဝန်ထမ်းများကလည်း မိမိတို့တာဝန်ကျသည့် ကျေးရွာများတွင်လည်း ဆောင်ရွက်လျက်ရှိကြောင်း မြို့နယ်ကျန်းမာရေးဦးစီးဌာနမှ တာဝန်ရှိသူတစ်ဦး၏ ပြောကြားချက်များအရ သိရသည်။
ရဲတင့်(ပြန်/ဆက်)