စေတုတ္တရာမြို့နယ်၌ ဆီမီးချောင်းရေလျှံမှုကြောင့် ပြည်သူများ ဘေးလွတ်ရာပြောင်းရွှေ့
မကွေးတိုင်းဒေသကြီး၊ စေတုတ္တရာမြို့နယ်၌ ဇူလိုင်လတတိယပတ်၊ စတုတ္တပတ်များတွင် မိုးများအဆက်မပြတ် ရွာသွန်းလျက်ရှိရာ ဩဂုတ်လ (၁) ရက်နေ့တွင်လည်း မိုးသည်းထန်စွာရွာသွန်းမှုကြောင့် ဆီမီးချောင်းရေမှ ရေလျှံမှုများဖြစ်ပေါ်ရာ မြို့ပေါ်ရေဝင်ရောက်သည် အမှတ် (၁) ရပ်ကွက် ဒေသခံပြည်သူ့အချို့မှာ ရေဘေးလွတ်ရာနေရာများသို့ ယမန်နေ့ညနေပိုင်းက ယာယီပြောင်းရွှေ့ကြသည်။