ဓနုဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်ယဥ်ကျေးမှု အသိပညာပေး Talk Show ကျင်းပ

ဓနုဖြူမြို့နယ်၊ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် လူငယ်နှင့်ယဥ်ကျေးမှု အသိပညာပေး Talk Show ကျင်းပ ဓနုဖြူ ဇူလိုင် ၃၁ မြို့နယ်(ပြန်/ဆက်)

ဒေးဒရဲမြို့နယ် ပန်ကဒါတ်ကျေးရွာအုပ်စုရှိ ပြည်သူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားများ ကွင်းဆင်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက "လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက်အဆင့် (၃)ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် မြေပြင်အရောက် လူကျန်စာရင်း အကွက်အပေါက်များ ကောက်ယူစစ်ဆေးခြင်းများကို ယမန်နေ့နံနက်ပိုင်းက ပန်ကဒါတ်ကျေးရွာအုပ်စုရှိ ပြည်သူများအား ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး (၃၁)ကြိမ်မြောက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးနေမှုအား ကြည့်ရှုအားပေး

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပုဗ္ဗသီရိမြို့နယ်၊ ပြည်သူ့ဆေးရုံကြီး(ခုတင်-၃၀၀)၌ နေပြည်တော်ကုသရေးဦးစီးဌာနမှ ဦးဆောင်၍ (၃၁)ကြိမ်မြောက် အငြိမ်းစားနိုင်ငံ့ဝန်ထမ်းများအား ကျန်းမာရေးစောင့်ရှောက်ပေးခြင်းကို ယနေ့နံနက်ပိုင်းက နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် အဖွဲ့ဝင်များ၊ ဇေယျာသီရိခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ခေတ္တဥက္ကဋ္ဌ ဒုတိယဗိုလ်မှူးကြီး ဇေယျာမင်းနှင့် အဖွဲ့ဝင်များ၊ ပုဗ္ဗသီရိမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးစိန်ကြည်နှင့် အဖွဲ့ဝင်များနှင့်အတူ ကြည့်ရှုအားပေးသည်။

ရေကြည်မြို့နယ် သစ်ဖြူပင်ကျေးရွာအုပ်စုတွင် မိုးသည်းထန်စွာရွာသွန်းမှုကြောင့် တာသားရေစီးချောင်းများဖြစ်ပေါ်ပြီး မြေသားချိုင့်ခွက်မှုဖြစ်ပေါ်

ဧရာဝတီတိုင်းဒေသကြီး၊ ကျုံပျော်ခရိုင်၊ ရေကြည်မြို့နယ် သစ်ဖြူပင်ကျေးရွာအုပ်စု၊ သစ်ဖြူပင်ကျေးရွာတွင် ယနေ့နံနက် ၁၀ နာရီအချိန်က ငဝန်တာမိုင်အမှတ် ၄၈ နှင့် ၄၉ ကြားတွင်မိုးသည်းထန်စွာရွာသွန်းမှု့ကြောင့် တာသားရေစီးချောင်းဖြစ်ပေါ်ပြီး မြေသားချိုင့်ခွက်မှု့ဖြစ်ပွားခဲ့ကြောင်း သိရသည်။

အင်္ဂပူမြို့နယ်တွင် ငဝန်မြစ်ရေ ကြီးမြင့်မှုကြောင့် ယာယီပိတ်ထားသောအခြေခံပညာကျောင်း (၂၄) ကျောင်း ပြန်လည်ဖွင့်လှစ်

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ အင်္ဂပူမြို့နယ်တွင် ငဝန်မြစ်ရေသည် စိုးရိမ်ရေ အမှတ်အထက် ကျော်လွန်ရောက်ရှိလာမှုကြောင့် အခြေခံပညာကျောင်းဝန်းအတွင်း မြစ်ရေဝင်ရောက် လာသဖြင့် ကျောင်းများယာယီပိတ်ထားခဲ့ရာအခြေခံပညာကျောင်း (၂၄) ကျောင်းအား ယနေ့နက်ပိုင်းမှစတင်၍ ပြန်လည် ဖွင့်လှစ်သင်ကြားလျက်ရှိသည်။

ဒေးဒရဲမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မိုးရာသီစိုက်ပျိုးစရိတ်အဖြစ် ငွေကျပ် (၂၃၄၃.၀၀) သန်း ထုတ်ချေးပေးပြီးဖြစ်

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ် လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ မြို့နယ်အတွင်းရှိ လယ်ယာကဏ္ဍဖွံ့ဖြိုးတိုးတက်ရေးအတွက် မိုးရာသီစိုက်ပျိုးစရိတ်ချေးငွေများအား ယနေ့နံနက်ပိုင်းတွင် တမာတကောကျေးရွာအုပ်စု၊ တမော့ကြီးကျေးရွာအုပ်စုနှင့် မိချောင်းအိုင်ကျေးရွာအုပ်စုအတွင်းရှိ တောင်သူများအား ဆက်လက်ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။

ဖျာပုံမြို့ နယ် တွင် နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric စာရင်းရေးသွင်းလျှောက်လွှာ ပုံစံများနေ့ချင်းပြီးကွင်းဆင်းဆောင်ရွက်ပေး

ဧရာဝတီတိုင်းဒေသကြီး၊ဖျာပုံခရိုင်၊ဖျာပုံမြို့နယ်သမိန်ထောကုန်းတန်းကျေးရွာ၊ အ.ထ.က (သမိန်ထော) ကျောင်းတွင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန" လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် (၃) အဖြစ် ဇူလိုင်လ (၂၇) ရက်နေ့ နံနက် (၁၀) နာရီ အချိန်က အ.ထ.က (သမိန်ထော) ကျောင်း ၊အနန္တဂုဏ်ရည်ခန်းမတွင် ပညာရေးဝန်ထမ်းများနှင့်ကျောင်းသား၊ကျောင်းသူများအား နိုင်ငံသားစိစစ်ရေးကတ်ပြားနှင့် Biometric စာရင်းရေးသွင်းလျှောက်လွှာပုံစံများ နေ့ချင်းပြီး ကွင်းဆင်းဆောင်ရွက်ပေးခဲ့ကြသည်။

လပွတ္တာမြို့ နယ် တွင်ပန်းခင်း စီမံချက် (၃) အဖြစ် နိုင်ငံသားစိစစ်ရေးကတ်ပြားများ ထုတ်ပေးနိုင်ရေးနှင့် (Biometric Data) များ ကွင်းဆင်း ဆောင်ရွက် ပေးလျက်ရှိ

ဧရာဝတီတိုင်းဒေသကြီး၊ လပွတ္တာခရိုင်၊ လပွတ္တာမြို့နယ် လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန၊ မြို့နယ်ဦးစီးမှူးရုံးမှ တာဝန်ရှိသူများက " လူမှုဘဝပြည့်စုံဖို့ နိုင်ငံသားကတ်ကိုင်ကြစို့" ဆောင်ပုဒ်နှင့်အညီ ပန်းခင်းစီမံချက် အဆင့် (၃) ဖြင့် နိုင်ငံသားစိစစ်ရေးကတ်ပြားများထုတ်ပေးနိုင်ရေး ကွင်းဆင်းဆောင်ရွက်ခြင်းကို လပွတ္တာမြို့နယ်အတွင်းရှိ ရပ်ကွက်/ကျေးရွာများ၊ အခြေခံပညာကျောင်းများတွင် ဆောင်ရွက်လျက်ရှိရာဇူလိုင်လ ၃၁ ရက်နေ့ နံနက်ပိုင်းတွင် အမှတ် (၂) အခြေခံပညာအထက်တန်းကျောင်း သို့ ကွင်းဆင်းပြုလုပ်ပေးခဲ့ကြောင်း သိရသည်။

ဒေးဒရဲမြို့နယ်၌ ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ညှိနှိုင်းဆွေးနွေးပွဲကျင်းပ

ဧရာဝတီတိုင်းဒေသကြီး၊ ဖျာပုံခရိုင်၊ ဒေးဒရဲမြို့နယ်ရပ်ကွက်၊ ကျေးရွာအုပ်စုများရှိ ပြည်သူများ လူမှုစီးပွားဖွံ့ဖြိုးတိုးတက်စေရန်နှင့် ဒေသဖွံ့ဖြိုးတိုးတက်ရေးလုပ်ငန်းများ စဥ်ဆက်မပြတ် ဆောင်ရွက်နိုင်ရေး ရည်ရွယ်၍ လပတ်ညှိနှိုင်းဆွေးနွေးပွဲ အခမ်းအနားကို ယနေ့နံနက် ၁၀ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ကျင်းပရာ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့နှင့် ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများ တက်ရောက်ခဲ့ကြောင်း သိရသည်။

မြို့သစ်မြို့နယ်အတွင်းရှိ ကျန်းမာရေးဝန်ထမ်းများအား ရာသီတုပ်ကွေးရောဂါကာကွယ်ဆေး ထိုးနှံခြင်း ဆောင်ရွက်

မကွေးတိုင်းဒေသကြီး၊ မြို့သစ်မြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ ကျန်းမာရေးဝန်ထမ်းများအား ရာသီတုပ်ကွေးရောဂါကာကွယ်ဆေးထိုးနှံခြင်းကို ယနေ့နံနက်ပိုင်းက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။
Subscribe to