မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း မွန်ပြည်နယ်ဒေသဆိုင်ရာခရီးသွားလုပ်ငန်းကော်မတီ(၃/၂ဝ၂၄) လုပ်ငန်းညှိနှိုင်းအစည်းအဝေးနှင့် မွန်ပြည်နယ် ရင်းနှီးမြှုပ်နှံမှု ကော်မတီအစည်းအဝေး အမှတ်စဉ်(၄/ ၂၀၂၄)တက်ရောက်
မွန်ပြည်နယ် ၂ဝ၂၄ ခုနှစ်၊ ပညာရည်ချွန်ဆုချီးမြှင့်ခြင်း အခမ်းအနား အောင်မြင်စွာကျင်းပနိုင်ရေး လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ယမန်နေ့နံနက်ပိုင်းက ပြည်နယ်အစိုးရအဖွဲ့ရုံး၊ အောင်ဆန်းခန်းမ၌ ကျင်းပပြုလုပ်ရာ မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်အစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ ပညာရည်ချွန်ဆုချီးမြှင့်ပွဲအခမ်းအနားကျင်းပနိုင်ရေး လုပ်ငန်းကော်မတီဝင်များ တက်ရောက်သည်။