၂၀၂၄ ခုနှစ် ၊ (၂၅) ကြိမ်​​မြောက်  ငွေရတု အထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်​ကျေးမှု အဆို ၊အက ၊အ​ရေး၊ အတီး ပြိုင်ပွဲ  (ခရိုင်အဆင့် ) ဖွင့်ပွဲအခမ်းအနား ကျင်းပ  

ပြင်ဦးလွင် ဩဂုတ် ၅

မန္တ​လေးတိုင်း​ဒေသကြီး၊ ပြင်ဦးလွင်ခရိုင်တွင် ၂၀၂၄ ခုနှစ် (၂၅) ကြိမ်​​မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက ၊အ​ရေး ၊ အတီး ပြိုင်ပွဲ (ခရိုင်အဆင့်) ဖွင့်ပွဲအခမ်းအနားကို ယ​နေ့  နံနက် (၈) နာရီက ပြင်ဦးလွင်မြို့၊ ရပ်ကွက်ကြီး (၅)ရှိ မြို့​တော်ခန်းမ၌ ကျင်းပပြုလုပ်ရာ တာဝန်ရှိသူများ၊ အကဲဖြတ်ဒိုင်အဖွဲ့နှင့် ပြိုင်ပွဲဝင်များ တက်​​ရောက်ကြသည်။

အဆိုပါ ပြိုင်ပွဲဖွင့်ပွဲအခမ်းအနားတွင် ခရိုင်စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦး၊ ခရိုင်စီမံအုပ်ချုပ်​​ရေးအဖွဲ့၊ အတွင်းရေးမှူး ဒုတိယရဲမှူးကြီး ၀ဏ္ဏစိုးအောင်၊ ခရိုင်စီမံအုပ်ချုပ်​​ရေးအဖွဲ့၊ အဖွဲ့ဝင် ဦးစိုင်းအောင်ကြည်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ  ဦးတင်အောင်လွင်နှင့် ခရိုင်ပညာရေးမှူး (တာဝန်ခံ ) ဦးခင်မောင်တိုးတို့မှ ဖဲကြိုးဖြတ်ဖွင့်လှစ်​ပေးကြပြီး “ မြန်မာ့မူမှန်”  သီချင်း​ဖြင့် သီဆို၍  ဖွင့်လှစ်ကာ အကပညာရှင် (၂) ဦးမှ မြန်မာ့ဆိုင်းဝိုင်းကြီးဖြင့် ကပြ​ဖျော်​​ဖြေတင်ဆက်ခဲ့ကြသည်။

ရှေးဦးစွာ ခရိုင်စီမံအုပ်ချုပ်​​ရေးအဖွဲ့ဥက္ကဋ္ဌ ဦးသန့်ဇော်ဦးမှ အဖွင့်အမှာစကား ​ပြောကြားပြီး ပြင်ဦးလွင်မြို့နယ် သဘင်အစည်းအရုံးဥက္ကဋ္ဌ ဦးအောင်မင်း (ဒိုင်ချုပ်)မှ ဒိုင်အဖွဲ့ကိုယ်စား  ပြိုင်ပွဲ အမှတ်​ပေးစည်းမျဉ်းများနှင့် ပတ်သက်၍ အ​သေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။ 

ဆက်လက်ပြီး ၂၀၂၄ ခုနှစ်၊ (၂၅) ကြိမ်​မြောက် ငွေရတုအထိမ်းအမှတ် မြန်မာ့ရိုးရာယဉ်ကျေးမှု အဆို၊ အက၊ အ​ရေး၊ အတီး ပြိုင်ပွဲ (ခရိုင်အဆင့်)တွင် ကဗျာလွတ်အက (၁၈) ဦး (၁) ဖွဲ့၊ ကျေးလက်အက (၂၀) ဦး  (၂) ဖွဲ့ ၊ အဆို (၄၂) ဦး ၊  တစ်ပင်တိုင်အက (၇၁) ဦး ၊ အရေး (၂) ဦး၊  အတီး (၂) ဦး၊ စုစုပေါင်း (၁၁၇)ဦး ပါဝင်ယှဉ်ပြိုင်လျက်ရှိပြီး ဆုရရှိ​​​သော ပြိုင်ပွဲဝင်များကို ဆုများ ထိုက်တန်စွာ ချီးမြှင့်သွားမည်ဖြစ်​ကြောင်း တာဝန်ရှိသူတစ်ဦး၏ ​ပြောကြားချက်အရ သိရသည်။      

ခရိုင်(ပြန်/ဆက်)