မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာ (အ-ထ-က)ကျောင်းတွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲ ကျင်းပ

မက်မန်း ဩဂုတ် ၅

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ မက်မန်းခရိုင်၊ မက်မန်းမြို့နယ် အောင်သံလွင်ကျေးရွာတွင် ကျောင်းသား၊ ကျောင်းသူလူငယ်များအား အသိပညာဗဟုသုတတိုးပွားစေရေး၊ နိုင်ငံ၏ဖွံ့ဖြိုးတိုးတတ်ရေးလုပ်ငန်းစဉ်များ၌ လူငယ်များအနေဖြင့် အဓိကစွမ်းအားစုအဖြစ်ပါဝင်နိုင်ရေး၊ လူငယ်များ ဗလငါးတန်ဖွံ့ဖြိုးတိုးတတ်စေရန်နှင့် လူငယ်ကဏ္ဍဖွံ့ဖြိုးတိုးတတ်စေရန် ရည်ရွယ်၍ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲကို ယမန်နေ့မွန်လွဲပိုင်းအချိန်က မက်မန်းမြို့ အောင်သံလွင်ကျေးရွာ(အ-ထ-က)ကျောင်းတွင် သွားရောက်ကျင်းပခဲ့သည်။

အဆိုပါဟောပြောပွဲတွင် မက်မန်းခရိုင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဒေါ်ဥမ္မာချို (လက်ထောက်ညွှန်ကြားရေးမှူး)က “ကျောင်းသား၊ ကျောင်သူလူငယ်များ ဗလငါးတန်နှင့် ပြည့်စုံပြီး အကျင့်စာရိတ္တကောင်းမွန်၍ အသိပညာဗဟုသုတများတိုးပွားလာစေရန်၊ စာပေဗဟုသုတများစွာ သိုလှောင်ထားသည့် ပညာဘဏ်တိုက်စာကြည့်တိုက်များနှင့် ရင်းနှီးကျွမ်းဝင်မှုရှိပြီး စာပေဖတ်ရှုသည့် အလေ့အကျင့်ကောင်းများရရှိစေရန်၊ အားလပ်ချိန်များတွင် စာပေများလေ့လာဖတ်ရှု၍ အချိန်ကို အကျိုးရှိစွာ အသုံးချနိုင်စေရေး၊ စာအုပ်စာပေလေ့လာခြင်းအားဖြင့် အသိဥာဏ်ပညာများဖွံ့ဖြိုးလာပြီး မိမိနိုင်ငံနှင့် မိမိလူမျိုးကို အကျိုးပြုနိုင်မည့် လူငယ်များဖြစ်ပေါ်လာစေရေးအတွက် အားလပ်ချိန်များတွင် စာများများဖတ်သင့်ပါကြောင်း” ဟောပြောခဲ့သည်။

အဆိုပါ စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်ဟောပြောပွဲအခမ်းအနားတွင် အောင်သံလွင်(အ-ထ-က) ကျောင်းမှ ကျောင်းအုပ်ဆရာကြီး ဦးဇော်မင်းလေး၊ အောင်သံလွင်ကျေးရွာအုပ်ချုပ်ရေးမှူး ဦးကျလား၊ ကျေးရွာသူ၊ ကျေးရွာသားနှင့် ကျောင်းသား၊ ကျောင်းသူစုစုပေါင်း (၉၀)ဦး တတ်ရောက်ခဲ့ကြကြောင်း သိရသည်။

စောဥမ္မာ(ခရိုင်၊ပြန်/ဆက်)