ညောင်တုန်း ဇူလိုင် ၁၈
ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့ အမှတ်(၃)ရပ်ကွက်၊ (၁၁)နှင့် (၁၂)လမ်းကြား ပန်းလှိုင်မြစ်ကမ်းထိန်းတာတွင် ရေအနည်းငယ် ယိုစိမ့်မှုဖြစ်ပွားခဲ့ရာ ယမန်နေ့ည ၇ နာရီခန့်က ခရိုင်ရေအရင်း အမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ EE ဦးမြင့်အုန်းနှင့် ဝန်ထမ်းများ၊ မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဦးကျော်စိုးခိုင်နှင့် ဝန်ထမ်းများ၊ မြို့မရဲစခန်းမှူး ဒုရဲမှူး ညီညီ ဦးစီးရဲတပ်ဖွဲ့ဝင်များ၊ မီးသတ်ဦးစီးဌာနမှ မီးသတ်စခန်းမှူး အောင်ရဲကျော်နှင့် တပ်ဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ ရပ်/ကျေး အုပ်ချုပ်ရေးမှူးများ၊ ဒေသခံပြည်သူများမှ သဲအိတ်များ၊ ကျောက်စရစ်များဖြင့် တားဆီးထိန်းသိမ်းဆောင်ရွက်လျက်ရှိသည်။
ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့၊ လူမှုရေးရာဝန်ကြီး ဦးခင်မောင်ကြည်၊ ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်နိုင်၊ ခရိုင်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန်ခွဲရေးဦးစီးဌာနမှ လက်ထောက်ညွှန်မှူး ဦးမျိုးထိုက်၊ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ ရောက်ရှိစစ်ဆေး ကြီးကြပ်ဆောင်ရွက်လျက်ရှိကြောင်း သိရှိနိုင်ပါရန် တင်ပြအပ်ပါသည်။
မြို့နယ်(ပြန်/ဆက်)