ကျိုက်ထိုမြို့နယ် လူထုအခြေပြုဗဟိုဌာန၌ အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲပြုလုပ်

ကျိုက်ထို ဇူလိုင် ၁

မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ်တွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးစီးဌာနနှင့် ပညာ‌ရေးဌာနတို့ ပူးပေါင်း၍(၇၇)နှစ်မြောက် အာဇာနည်နေ့အထိမ်းအမှတ် အသိပညာပေး Talk Show ဆွေးနွေးပွဲကို ယမန်နေ့ နံနက်ပိုင်းက မြို့နယ်လူထုအခြေပြုဗဟိုဌာန Community Centre ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

ဆွေးနွေးပွဲတွင် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်သန်းသန်းမော်က Talk Show အစီအစဉ်ပြုလုပ်ရသည့် ရည်ရွယ်ချက်ကိုပြောကြားပြီး အစီအစဉ်တင်ဆက်သူအဖြစ် ဆောင်ရွက်ခဲ့သည်။

ထို့နောက် မူလွန်(၁)ကံ့ကော်ကျောင်းမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်စန်းစန်းမွန်က အာဇာနည်နေ့ဖြစ်ပေါ်လာပုံ၊ အာဇာနည်ခေါင်းဆောင်ကြီးများက လွတ်လပ်ရေးရရှိအောင် ကြိုးပမ်းဆောင်ရွက်ခဲ့ပုံ၊ ကျောင်းသား၊ သူလူငယ်၊ လူရွယ်များအနေဖြင့် အာဇာနည်နေ့ကိုမမေ့သင့်ပုံအကြောင်းစသည်တို့ကို အကျယ်တဝင့် ရှင်းလင်းဆွေးနွေးခဲ့ကြသည်။ ကျိုက်ထိုမြို့နယ် ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနအနေဖြင့် ယခုကဲ့သို့ အသိပညာပေးဆွေးနွေးပွဲ Talk Show အစီအစဉ်များ ရိုက်ကူးထုတ်လွှင့်ခြင်းအပါအဝင် ပြည်သူအသိပညာပေးဝန်ဆောင်မှုလုပ်ငန်းများကို စဉ်ဆက်မပြတ် ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။

ကျိုက်ထို (ပြန်/ဆက်)