ပင်းတယ ဇူလိုင် ၁၈
ရှမ်းပြည်နယ်တောင်ပိုင်း၊ ဓနုကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ ပင်းတယမြို့နယ်ထွက် ပတ္တမြားငမောက်သရက်သီးများ ပြည်တွင်းဒေသများသို့ တင်ပို့ရောင်းချလျက်ရှိသည်။
ထိုသို့တင်ပို့ရောင်းချရာတွင် သရက်သီးထည့်သည့် ကတ်ဖာတစ်ဖာတွင် စတားသီး၊ ဝမ်း၊ တူး၊ အကြီး၊ အလတ်နှင့် အငယ်ခွဲခြားပြီး အရွယ်အစားပေါ်မူတည်၍ အလုံးရေ ၁၅ လုံးမှ ၂၅ လုံးခန့် ထည့်သွင်းကာ မန္တလေးပွဲရုံသို့ တင်ပို့ရောင်းချကြောင်း၊ သရက်သီးကတ်ဖာ တစ်ဖာကို ၂၂၀၀၀ ကျပ် အထိရရှိကြောင်းနှင့် လက်ရှိစျေးနှုန်း အတက်အကျရှိကြောင်းလည်း သရက်ခြံစိုက်ပျိုးသည့် တောင်သူတစ်ဦးထံမှ သိရသည်။ ပင်းတယမြို့နယ်သည် ပင်လယ်ရေမျက်နှာပြင်အမြင့် ၃၈၈၀ ပေရှိပြီး စိုက်ပျိုးရေးကို အဓိကထားပြီး၊ စိုက်ပျိုးရေးလုပ်ငန်းဖြစ်သည့် လက်ဖက်၊ ဂျူး၊ ပဲပုတ်၊ ခရမ်းချဉ်သီး၊ ခရမ်းသီး၊ ပန်းကော်ဖီ၊ ပန်းမုန်လာ၊ ဆီနေကြာ၊ မြေပဲ၊ ပြောင်း၊ ထောပတ်၊ အာလူး၊ ကြက်သွန်ဖြူ၊ ကြက်သွန်နီ၊ တောင်ယာနှင့် လယ်ယာစသည့်တိုကို တနိုင်တပိုင် စီးပွားရေးလုပ်ငန်းအဖြစ် လုပ်ကိုင်ကြကြောင်း သိရသည်။
အောင်ကိုဦး (ပြန်/ဆက်)