ကျိုင်းတုံ ဇူလိုင် ၁၈
ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ ၂၀၂၃-၂၀၂၄ နှင့် ၂၀၂၄-၂၀၂၅ ပညာသင်နှစ် အာဇာနည်နေ့အထိမ်အမှတ်အကြို အသိပညာပေးဟောပြောပွဲကို ကျိုင်းတုံတက္ကသိုလ် ခေမာရ်ခန်းမတွင် ယမန်နေ့နံနက် (၁၀)နာရီ ကျင်းပသည်။
ရှေးဦးစွာ ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစန်းစန်းမာက အဖွင့်အမှာစကားပြောကြားပြီး မြန်မာစာဌာနမှ တွဲဖက်ပါမောက္ခ ဒေါက်တာလေးငုံက အာဇာနည်နေ့အကြောင်း သိကောင်းစရာများကို ဟောပြောခဲ့သည်။ ထို့နောက် ကျိုင်းတုံတက္ကသိုလ် ပါမောက္ခချုပ် ဒေါက်တာစန်းစန်းမာက ဟောပြောသူအား ဂုဏ်ပြုလက်ဆောင်များ ပေးအပ်ချီးမြှင့်ခဲ့ကြောင်း သိရသည်။
အဆိုပါ ဟောပြောပွဲအခမ်းအနားသို့ ကျိုင်းတုံတက္ကသိုလ်ဌာနမှူး (စီမံ/ဘဏ္ဍာ)၊ ဌာနမှူး (သင်တန်းရေးရာ)၊ သင်ကြားရေးပါမောက္ခ(ဌာနမှူးများ)၊ ပါမောက္ခများ ကျောင်းသား/သူ (၂၀၀)ဦးနှင့် ကြီးကြပ်သူ ဆရာ/မများ စုစုပေါင်း (၂၅၀)ခန့် တက်ရောက်ခဲ့ကြောင်း သိရသည်။
စိုင်းရွှေအောင်(ခရိုင်ပြန်/ဆက်)