ငါ့သရောက် ဇူလိုင် ၁၈
မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင်၊ ငါ့သရောက်မြို့ အ.ထ.က(ခွဲ) ဆည်ကျေးရွာတွင် ယမန်နေ့နံနက်ပိုင်းက (၇၇) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲ ကျင်းပပြုလုပ်ခဲ့ကြောင်း သိရသည်။
အဆိုပါ (၇၇) နှစ်မြာက် အာဇာနည်နေ့ အထိမ်းအမှတ် စာစီစာကုံးပြိုင်ပွဲတွင် မူလတန်းအဆင့် ကျောင်းသား/သူများက “အာဇာနည်နေ့ ဒို့မမေ့” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အလယ်တန်းအဆင့် ကျောင်းသား/သူများက “(၁၉) ဇူလိုင်မမေ့နိုင်” ခေါင်းစဉ်ဖြင့်လည်းကောင်း၊ အထက်တန်းအဆင့် ကျောင်းသား/သူများက “မမေ့အစဉ်လာ အာဇာနည်နေ့ အချိန်အခါ” ခေါင်းစဉ်များဖြင့်လည်းကောင်း အသီးသီး ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။
အဆိုပါပြိုင်ပွဲများတွင် မူလတန်းအဆင့် ကျောင်းသား/သူ (၆) ဦး၊ အလယ်တန်း ကျောင်းသား/သူ (၁၃) ဦးနှင့် အထက်တန်းကျောင်းသား/သူ (၁၀) ဦးတို့ ပါဝင်ယှဉ်ပြိုင်ခဲ့ကြောင်း အ.ထ.က(ခွဲ) ဆည်ကျေးရွာကျောင်းအုပ် ဆရာမကြီးထံမှ သိရှိရသည်။
ငါ့သရောက်(ပြန်/ဆက်)