ဘီးလင်းမြို့နယ်တွင် ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသ

ဘီးလင်း ဇူလိုင် ၁၈

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ ကောက်စိုက်စက်ဖြင့် မိုးစပါးစိုက်ပျိုးခြင်း ကွင်းသရုပ်ပြသခြင်းကို ယနေ့နံနက် ၁၀ နာရီက ကျောက်ရေတွင်းကျေးရွာ ကွင်းအမှတ် (၂၆၉-က) တောင်သူဦးကျော်ဇင်လတ်၏ လယ်ကွင်း၌ ပြုလုပ်ခဲ့သည်။

အဆိုပါ ကောက်စိုက်စက်ဖြင့် ကွင်းသရုပ်ပြသပွဲသို့ ဘီးလင်းမြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌဦးစည်သူအောင်၏ဦးဆောင်မှုဖြင့် သက်ဆိုင်ရာတာဝန်ရှိသူအသီးသီးတို့က တက်ရောက်ကြည့်ရှုခဲ့ပြီး တောင်သူများအား စိုက်ပျိုးရေးစနစ်များကောင်းမွန်လာစေရေး၊ လုပ်သားချွေတာပြီး လုပ်ငန်းတွင်ကျယ်လာစေရေး၊ လိုအပ်သောနည်းပညာပေါင်းစပ်ပေးနိုင်ရေးတို့ကို ညှိနှိုင်းဆောင်ရွက်ပေးခဲ့သည်။

ထို့​နောက် မြို့နယ်စက်မှုလယ်ယာဦးစီးဌာနမှ မြို့နယ်ဦးစီးမှူးဦးမျိုးနိုင်ဦးက ကောက်စိုက်စက်အသုံးပြု၍ စိုက်ပျိုးခြင်းကြောင့် မျိုးစေ့ကုန်ကျမှုသက်သာခြင်း၊ အလုပ်သမား ရှာဖွေရသည့်အခက်အခဲလျော့ကျခြင်း၊ သက်သက်သာသာစိုက်ပျိုးနိုင်ခြင်း၊ ပင်ပွားနှုန်းကောင်းပြီး စပါးအထွက်နှုန်းကောင်းမွန်ခြင်းစသော အကျိုးကျေးဇူးများရရှိ၍ တောင်သူများ၏လူမှုစီးပွားဖွံ့ဖြိုးတိုးတက်လာစေရန်ရည်ရွယ်၍ ကွင်းသရုပ်ပြစိုက်ပျိုးပြသခြင်းဖြစ်ကြောင်း တောင်သူများအား ရှင်းလင်းပြောကြားခဲ့ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)