ဘီးလင်း ဇူလိုင် ၁၈
မွန်ပြည်နယ် ဘီးလင်းမြို့နယ်ပညာရေးမိသားစုများမှစုပေါင်း၍ ဝါဆိုသင်္ကန်းဆက်ကပ်လှူဒါန်းပွဲကို ယမန်နေ့နံနက် ၉ နာရီအချိန်က ဘီးလင်းမြို့နယ်၊ အ.ထ.က (ဘီးလင်း) ကျောင်းပညာ့အားမာန်ခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်ပညာရေးမှူးနှင့် ပညာရေးဝန်ထမ်းမိသားစုများက အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ငြိမ်ချမ်းရိပ်မြုံဓမ္မာစရိယ သင်တန်းကျောင်းဆရာတော် ဘဒ္ဒန္တကောဝိဒထံမှ ငါးပါးသီလခံယူဆောက်တည်ခဲ့ကြသည်။ ယင်းနောက် ဘီးလင်းမြို့နယ်ပညာရေးမှူးနှင့် ပညာရေးမိသားစုများက ဆရာတော်၊ သံဃာတော်များအား ဝါဆိုသင်္ကန်းနှင့် လှူဖွယ်ဝတ္တုအစုစုတို့ကို ဆက်ကပ်လှူဒါန်းခဲ့ပြီး ငြိမ်းချမ်းရိပ်မြုံဓမ္မာစရိယသင်တန်းကျောင်း ဆရာတော်က ကုသိုလ်ကောင်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှအတန်းပေးဝေ၍ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုတ်သိမ်းခဲ့ကြောင်း သိရသည်။
မြိုနယ် (ပြန်/ဆက်)